Wednesday, August 26, 2009

သရဲ

စာဖတ်သူတွေသရဲရှိတယ်ဆိုတာ ယုံလား ? ရွှေရုပ်ကတော့ယုံတယ် ဘာကြောင့်လဲဆိုတော့

ရွှေရုပ်ကိုယ်တိုင်ခြောက်ခံရလို့.....သူများတွေလိုချိုးချိုးချွတ်ချွတ်တင်မကဘူး ....ပြောပြရင်းကြည်သီးတောင်ထတယ် .....စိတ်ဝင်စားတယ်မဟုတ်လား ဆက်ပြောပြမယ်......

“ရွှေရုပ်ရေ အဲ့ဒီဆောက်ထားတဲ့လိုင်းသစ်မှာငါတို့ တူတူပုန်းတိုင်းကစားကြရအောင်....”

“အေး အယ်သရဲခြောက်တယ်တဲ့ ...အဲ့နေရာလေ ..”

“အယ်နင်ကလဲ ရွှေရုပ်မဟုတ်တဲ့အတိုင်းဘဲ နင်ပြောတော့ ဘာကောင်မှမကြောက်ဘူးဆို...”

“ဘာကောင်မှဆိုပေမယ့် သရဲနဲ့ ကျွတ်တော့ကြောက်တယ်ဟဲ့ ....”

“ငါတို့ဆော့မှာ နေ့လည်ပိုင်းလေ သတ္တိခဲရဲ့ ”

အဲ့လိုပြောလိုက်တော့ ရွှေရုပ်ရဲ့ ပုန်းကွယ်နေတဲ့သတ္တိတွေကိုလှုံ့နိုးလိုက်သလိုဘဲ ...ဒါနဲ့.....

“ အောင်မယ် ရွှေရုပ် ပါ တစ်ရုပ်တည်းရှိတယ် နှစ်ရုပ်ရှိရင် အလဲသည်မှာလဲစားလိုက်မယ် ...သတ္တိ

အကြောင်းတော့လာမပြောနဲ့ ...စိတ်ကထစ်ကနဲဆို အဲအဲမှားလို့ သုံးနှစ်အောက်သမီးကြိုက်တဲ့လူလာခဲ့ ”

ရွှေရုပ်ကအဲ့လိုသတ္တိ ရှိတာ..... အဲ့ဒါနဲ့ ကစားကြတာပေါ့လေ........

ခွေးရူးကရွှေရုပ် သဘောက ရွှေရုပ်လိုက်ကလှည့် သူတို့ပုန်းကလှည့်ပါ ရွှေ၇ုပ်တစ်ယောက်တည်း

သရဲခြောက်တယ်ဆိုတဲ့ လိုင်းခန်းကြီးမှာ ရွှေရုပ်တစ်ယောက်တည်း တခန်းဝင်တခန်းထွက် ..တစ်ယောက်တည်းလျှောက်ရင်းစဉ်းစားမိတာက

“အင်းဒီအချိန်ကဖေဖေတို့ပြောတဲ့နွားရိုင်းသွင်းချိန်ဘဲ ဒီချိန်မှာမှ ငါကခွေးရူးဖြစ်ရတယ်လို့

စောစောစီးစီး ဖြစ်တော့ဘာဖြစ်လဲ ဆော့လာတာလဲတော်တော်များနေပြီ ..ဒီပွဲပြီးရင်တော့ တော်ပြီ

မှောင်တော့မယ်...ခုချိန် သရဲနဲ့များတွေ့လို့ကတော့ အီး ကြောက်လိုက်တာနော်......”

ရွေရုပ်တစ်ယောက်တည်းကြောက်ပြီး ရင်ထဲမှာထိတ်ထိတ် ထိတ်ထိတ်နဲ့ လိုင်းခန်းတစ်ခုရဲ့ပြတင်းပေါက် တံခါးကို ခေါင်းလေးပြူပြီးချောင်းအကြည့်.........

“အားအားအား ”

တစ်ခါတည်းအားတယ်မဟုတ်ဘူး အများကြီးအားပစ်တာ ရွှေရုပ်ကြည့်သလို ခေါင်းပြတ်ကြီးတစ်ခုက

ရွှေရုပ်ကိုချောင်းကြည့်တာလေ ...ဘယ်ရမလဲ ကြောက်ပြီးပြေးတာ မြေကြီးနဲ့ ခြေထောက်ရောထိရဲ့

လားမသိဘူး အိမ်ပြန်ရောက်ရော အိမ်ရောက်တော့ ရွှေရုပ်ရဲ့ တစ်ဦးတည်းသောအကိုကပြန်လိုက်ပြ

ပါတဲ့ ...အဲ့ဒါတော့ရွှေရုပ်သတ္တိမကောင်းတော့ဘူး ဘာကြောင့်လဲဆိုတော့ တော်တော် ကို ကြောက်နေပြီလေ တုန်ရီမောဟိုက်နေပြီ ရေသောက်လဲ မပြေဘူးကြောက်နေတာ ...အဲ့ဒီကနေပြီးရွှေရုပ်တို့ခုချိန်ထိ ဘုရားတရားမြဲံတာပါဘဲ ....ရွှေ၇ုပ်ချောင်းကြည့်မိတဲ့သရဲလဲ သူဆိုလဲလန့်သွားလောက်တယ် ဘာကြောင့်လဲဆိုတော့ ရွှေရုပ်ရဲ့ခေါင်းလဲ ရုတ်တရက်ကြီးသူ့ရှေ့မှာ

သွားပေါ်တာကိုး.....

နောက်နေ့ကျတော့သတင်းတစ်ခုကြားရပါတယ်..အဲ့ဒီသတင်းက ရွှေရုပ်တို့လိုဘဲဆော့တဲ့ ကောင်လေးတစ်ယောက်အဲ့ဒီလိုင်းခန်းသစ်မှာဘဲခေါင်းပြတ်သရဲတွေ့လို့တဲ့ ဖျားတောင်ဖျားနေကြောင်း

ကိုကြားတဲ့အခါမှာ အိမ်ကဖေဖေတို့ ကိုကြီးတို့ကရီလိုက်ကြတာပြောမနေနဲ့ ....ရွှေရုပ်စိတ်ထဲမှာတော့

“ဟင်း....သူတို့ကမသိလို့ ငါတော့ကိုယ်ချင်းစာတယ် ...ခေါင်းပြတ်သရဲကိုတွေ့တာ ဘယ်လောက်

ကြောက်ဖို့ကောင်းတယ်ဆိုတာ တွေ့ဖူးသူဘဲသိမှာ.....”

အမှန်တော့ ရွှေရုပ်ကလဲချောင်းတဲ့ချိန် အဲ့ဒီဖျားတဲ့ကောင်လေးလဲချောင်းတဲ့ချိန် နှစ်ယောက်စလုံးလဲ

ကြောက်နေတဲ့အချိန် အဲ့လိုအချိန်တွေသွားကြုံတော့ ပွဲပြီးသွားခြင်းသာ.....................

ပြီး၏ ရွှေရုပ်Wink

No comments:

Post a Comment