လူတစ်ယောက်ကရုပ်ချောချောလေး ဒါပေမယ့် မျက်နှာအောက်ကနေ မီးထိုးပြီး မျက်လုံးပြူးကြည့်လိုက်စမ်းပါ နှုတ်ခမ်းတွေကို ပါးစပ်ထဲပြန်ပြီးထည့်နိုင်သလောက်ထည့် ပြီးရင်မှန်ကြည့် နောက်ကိုယ့်ရုပ်ကိုတောင်မကြည့်ရဲတော့ဘူး ရွှေရုပ်အာမခံတယ်..
အဲ့ဒီနည်းကရွှေရုပ်ကြည့်တဲ့ ဇာတ်လမ်းကရတာပေါ့ အဲ့ကားထဲကမင်းသားကချောချောလေး ရွှေရုပ်ပြောသလိုလုပ်လိုက်တာ သူနဲ့ဆန့်ကျင်
ဘက် တော်တော်ကြောက်ဖို့ကောင်းတာ အဲ့လိုပုံမျိုးကိုဖြစ်သွားတာလေ .. အရမ်းကြိုက်တယ် ရွှေရုပ်လိုသူများတွေကိုစချင်သူအဖို့တော့
နည်းလမ်းကောင်းလေးပေါ့လေ .. ဇာတ်လမ်းပြီးတော့ရွှေရုပ်ကျေကျေနပ်နပ်ကြီးကိုပြုံးပစ်လိုက်တယ်... လာထားဘဲ ဟားဟား
ရွှေရုပ်ရဲ့ မကောင်းမကန်းသူငယ်ချင်းတွေသေပြီတာမှတ်...အိမ်မှာက မေမေဖြတ်ထားတဲ့ ဆံပင်ရှည်ကြီးလဲ ရှိတယ် အဲ့ချိန်မှာ ရွှေရုပ်က
ဆံပင်ကဘောလုံးကေဆိုလား အဲ့တုန်းကခေတ်စားနေတာလေ နောက်ကလုံးလုံးလေး ရွှေရုပ်ကတော့သိပ်လုံးစရာမလိုဘူး အဲ့ဒါဆံပင်ညှပ်
ဆရာက ရွှေရုပ်ဆံပင်လာညှပ်ရင် အရမ်းကြိုက်ဘာလို့လဲဆိုတော့ ရွှေရုပ်က ဦးနှောက်စပယ်ယာပတ်ထားတယ်လေ ..ခေါင်းကနောက်ကို
ပိုထွက်နေလို့ ဟီးဟီး အဲစာကဘယ်ရောက်သွားပါလိမ့် ပြောမှာကအဲ့ဒီအောက်မီးလင်းတဲ့ကိစ္စ အဲ အောက်ကနေမျက်နှာမီးထိုးတဲ့ကိစ္စ
ရွှေရုပ်မေမေ့ဖာကြီး အဲလာပြန်ပြီရှင်းပြရအုံးမယ် မေမေကလေ ဖာတောင်းလှလှလေးထဲမှာ သူ့ဆံပင်ကြီးကို ထည့်သိမ်းထားတာလေ
အဲ့ဒါကိုရွှေရုပ်ကခိုးပြီး စွပ် ပြီးတော့ နှုတ်ခမ်းနီကို နှုတ်ခမ်းအပေါ်ဘက်ကို ၀ိုက်ပြီးလူးပြီးတော့ မှန်ကြည့်မလို့လုပ်တုန်း အပြင်ကနေ
“အေး ငါသိတယ် သူကြောက်တက်တာ အဲ့ဒီတစ်ယောက်တော့ တွေ့ပြီသာမှတ် သွားခြောက်မယ် ”
“သူက နှလုံးရောဂါနဲ့တဲ့ ဘယ်လိုလုပ်ခြောက်မှာလဲ”
“အေး ဒါဆိုရွှေရုပ်ကိုခြောက်မယ်”
အောင်မယ်သူတို့က သူများအိမ်ရှေ့မှာ လာသေးတယ် ဟီးဟီးဟီးဟီဟားဟားဟား ရီတာတော့တိုးတိုးလေးနော် ရီလိုက်တဲ့အသံက
အဲ့လိုပေါ့လို့
ရွှေရုပ်လေးထောင့်တိုးဓါတ်မီးကြီးယူပြီး အိမ်နောက်ဘက်ကနေပတ်ပြေးတာ သူတို့ကတော့ ခြံထောင့်ကနေကျိန်းသေလာမှာဘဲ ရွှေရုပ်
ခြံဘေးကနေ ပတ်စောင့်နေလိုက်တယ် သူတို့အသံကိုကြားပြီ ဟင်လာထား ငါကနင်တို့ကိုနည်းစနစ်သစ်နဲ့ဟဲဟဲ.....
“အုအဲ ပြူးပြဲ ဂုကွဲ ” (ရွှေရုပ်အော်ခြောက်လိုက်တာ)
“အား သရဲမ အဲ သရဲထီး အာ အထီးလားအမလားသိဘူး သရဲဗျို့ သရဲ........”
အော်ပြေးလိုက်ကြတာများ ဟွန်းဒါများ ရွှေရုပ်ကိုခြောက်ဦးမယ်တဲ့
ဟီးဟီးဟီးဟီးဟဲဟဲဟားဟား ...............တကယ်အသံထွက်ပြီးရီလိုက်တာ......
ရွှေရုပ်တို့အိမ်က မီးဖိုချောင်နဲ့ ဧည့်ခန်းမှာ မှန်တစ်ချပ်ထားထားတယ် တရုတ်နည်းနဲ့ စီးပွားတိုးအောင်တဲ့ဖုန်းရွှေပညာလို့ခေါ်တယ်
ဘာဘဲဖြစ်ဖြစ် ရွှေရုပ်ကမှန်ကြိုက်တော့ကွက်တိဘဲ ဒါနဲ့ရွှေရုပ်သူများတွေကိုပညာပေးပြီ အိမ်ထဲဝင်ကာအဲ့မှန်ကိုရောက်တော့ ခုနဆံပင်ကိုခေါင်း
ပေါ်ကိုအုပ်ပြီး ဇာတ်လမ်းထဲကအတိုင်း မျက်နှာအောက်ကနေမီးထိုးပြီး မျက်လုံးပြူး နှုတ်ခမ်းတွေပါးစပ်ထဲသိမ်း သွားခေါကြည့်လိုက်တာ
“အား......”(ကိုယ့်ပုံကိုယ်မြင်ပြီးလန့်အော်တာ)
“အောင်မလေး ”(အဲ့ဒါတော့မေမေ မီးဖိုခန်းကနေဧည့်ခန်းအ၀င် ရွှေရုပ်ကိုမြင်ပြီးအော်လိုက်တယ် ပြီးတော့ လဲသွားတယ် ...)
မေမေ မလဲခံနိုင်ရိုးလား ပြေးဝင်လာတဲ့ဖေဖေလဲရွှေရုပ်ကိုမြင်ပြီးလန့်သွားသေးတယ် ကိုကြီးရောပေါ့ အဲ့ဟာနဲ့ နားပန်တစ်ချက်ဆော်ခံထိတယ် (နားရင်းအုပ်တာကိုပြောတာ)
ဒါတောင်မေမေကိုကြည့်နေရလို့ နို့မဟုတ်ရင် ရွှေရုပ်အမှုန့်ဖြစ်ပြီ ...သေပြီဆရာဘဲပေါ့ ..အဲ့နေ့ကစပြီးရွှေရုပ်မေမေ့ဆံပင်တုကြီးကိုလဲ
မကိုင်တော့ပါဘူး မေမေကလဲ သူ့ဖာကိုလုံလုံခြုံခြုံသိမ်းတက်သွားပါတယ်......
ရွှေရုပ်
Subscribe to:
Post Comments (Atom)
သူများတော့ နောက်တတ်တယ် ။ကိုယ့် အလှည့် ပြန်လာလိမ့် မယ်သတိထား။
ReplyDelete