Sunday, August 23, 2009

ငိုပါရစေ

အခန်းထဲက ရှိုက်သံသဲ့သဲ့
ငဲ့လျှက်ကြည့်ကြပါ
တစ်ယောက်သောသူငိုကြွေး
ပူဆွေးနေလေရဲ့
သူ့ရင်ထဲကသောကတွေက
အလိုမကျခြင်းတွေနဲ့ ပြည့်နှက်နေရတယ်
အခန်းထောင့်မှာ ထိုင်ငေး
အနာဂတ်လမ်းကြောင်းခပ်ရေးရေးကိုပေါ့
အိမ်အပြင်ဘက်ကမိုးလည်း
အညှိုးကြီးကြီး သဲနေဆဲပေါ့
တစ်ယောက်သောသူရဲ့ မျက်ဝန်းမိုးလဲ
တာကျိုးသည်ထိ သဲနေဆဲပေါ့လေ.......
ရွှေရုပ်

No comments:

Post a Comment