“ရွှေရုပ် ငါတို့ဓါတ်ပုံလျှောက်ရိုက်ရအောင် ”
ရွှေရုပ်ဒီနေ့စာကိုအပြတ်သင်မယ်လို့စိတ်ကူးထားတာ လှည့်ကြည့်လိုက်တော့ ဘော်ဒါတွေစုံနေပါလား..
အကုန်လုံးကပြုံးစိစိနဲ့ ဟွန်းရုပ်တွေကိုက မဟုတ်တာ တစ်ပြုံကြီးလုပ်တော့မယ့်ရုပ်တွေ ဘယ်ရမလဲ
နင်တို့ခေါင်းစောင်း အဲ ခေါင်းဆောင်မပါဘဲ ဒီလို လုပ်လို့်ဘယ်ရမလဲ ...စာသင်မယ်ဆိုတဲ့ အတွေးကိုဖြတ် အတန်းမတက်ဘဲ ဒဂုံဘွဲနှင်းဆောင်သို့ ရွှေရုပ်တို့လစ်ထွက်လာခဲ့ပါတယ်...
ကင်မရာယူလာတဲ့ သူငယ်ချင်းက နာမည်ဖိုးသားတဲ့ နွေရာသီကြီးလဲ အကျီလက်ရှည်နဲ့ ဦးထုပ်နဲ့
ဘွတ်နဲ့ ရွှတ်နဲ့ အဲ အဲ့လိုပေါ့ သူနေတတ်တာပြောပါတယ် ..ကျောင်းကို ဆိုင်ကယ်ကြီးနဲ့လာတယ်
ကောင်မလေးတွေလဲတစ်နေ့တစ်ယောက်ဆိုင်ကယ်နောက်ကပါလာတယ်...ကောင်မလေးတွေကလဲ
သိသိကြီးနဲ့စီးတာဘဲ ..အင်းပြောရမှာကအခြားကြောင်း ဓါတ်ပုံရိုက်တဲ့အကြောင်းပေါ့ သူငယ်ချင်းတွေ တအုပ်လိုက်ကြီး ရွှေရုပ်ကကင်မရာဂဲ သူတို့ ပုံစံမျိုးစုံကို ရွှေရုပ်အမိအရမှတ်တမ်းလိုက်တင်ပေးရတာ
ဘေဘီမ(ရွှေရုပ်တို့ထဲက အသေးဆုံး သူငယ်ချင်း ၀ကစ်ကစ်နဲ့ဖိုးသားဆိုင်ကယ်နောက်ဆို အရမ်းလိုက်ချင်တဲ့တစ်ယောက်ပေါ့ )သူက
“ရွှေရုပ် နင့်မှာထီးပါလား ”
“အင် ပါတာပေါ့ ဘာလုပ်မလို့လဲ ”
“ထီးတွေအများကြီးချပြီး ထီးတွေကြားထဲမှာဓါတ်ပုံရိုက်ချင်လို့”
အဲ့ဒါနဲ့ပေါ့ ရောဂါကလဲမသေးဘဲကိုး ထီးတွေလိုက်ဖွင့်ပြီးနေပူပူကြီးမှာထီးတွေချ ရွှေရုပ်ကတော့ အပင်တစ်ပင်ရဲ့အောက်ကနေ ထိုင်ကြည့်နေလိုက်တယ်...
“ရွှေရုပ်ရေရပြီ ”
“အာ ”
ထီးတွေကို ဘေးမှာဝိုင်းထားပြီးလှဲ အိပ်နေတဲ့ ဘေဘီ ဘာကြီးနဲ့သွားတူမှန်းလဲမသိပါဘူး ပြီးတော့ပြောလိုက်သေးတယ် ငါ့ကို အရှည်ဆုံးနေရာကနေချိန် ပြီးရင် ဘွဲ့ခန်းမပါပါအောင်ရိုက် ..
သေရော ပုတဲ့သူကိုအရှည်ဆုံးနေရာဘယ်လိုရှာပြီးရိုက်ရပါ့ မှားပါတယ်..ဒါပေမယ့် ဘေဘီစိတ်ချမ်းသာအောင်တော့ သူနေချင်သလိုနေတာ ကိုရွှေရုပ်လဲရိုက်ချင်သလိုရိုက်လိုက်တယ်..
မှတ်ကရော။။။ အဲ့ဒါနဲ့ ကိုယ့်ပုံတွေကိုရိုက်ရတာ တော်တော်ပျင်းလာတော့ ဘွဲ့နှင်းသဘင်ရဲ့ အရှေ့ဘက်လဲပြဲပြဲစင်သဘောက်ဖြစ်နေတော့လေ အနောက်ဘက်ကိုသွားပြီးအတွဲတွေ ကိုဓါတ်ပုံရိုကိဖို့ အကြံပေးသူက ဖိုးသား ရွှေရုပ်ကတော့ သိပ်မကြိုက်ပါဘူး လာထားဘဲ...
“ဟိုမှာတွေ့လား အဲ့အတွဲကိုနင်တို့ဒီဘက်ကချောင်းသလိုလုပ် ငါက ဟိုအပင်ကွယ်ကနေရအောင်ရိုက်မယ် ကဲဘော်ဒါတွေကတော့ ရွှေရုပ်နောက်ကိုလိုက်ခဲ့ကြ ..”
အတွဲက ကောင်မလေးကကောင်လေးရင်ခွင်ထဲတိုင်လို့ ကောင်လေးကတော့အိုက်လို့နဲ့တူတယ် ဆံပင်တွေရိတ်ထားတယ် ကတုံးကြီးပေါ့ ပလူးပလဲပြူးပြဲနေကြတယ် (ဘာလဲမရွှေရုပ်လို့မမေးနဲ့
ရွှေရုပ်လဲမသိဘူး ပေါ်အောင်ကြည့်..ဟီးးးးးးးးး) မျက်နှာက၀က်ခြံလေးကိုညင်ညင်သာသာညစ်ပေးနေတာပြောပါတယ်.. အဲ့ဒါနဲ့ပေါ့ သူတို့ကအချောင်း
ရွှေရုပ်ကင်မရာလေးထဲကို သွက်သွက်လက်လက်လှုပ်ရှားလိုက်တယ် ကံဆိုးချင်တော့ကင်မရာကအော်တိုချိန်ထားတော့ နဲနဲ အရိပ်ကျတဲ့နေရာမှာဆိုရင် ဖလက်(ကင်မရာမီး)ကအော်တိုလေ အဲ့ဒါနဲ့သူတို့သိသွားတယ်ဆိုပါဆို့ အရင်ဆုံးသူတို့တွေ့တာက
ရွှေရုပ်ကိုကင်မရာတစ်လုံးနဲ့လေ ကြောင်သွားလိုက်သေးတယ် .မိန်းခလေးတစ်ယောက် ကအတွဲကိုချောင်းရုံတင်မကဘူး ဓါတ်ပုံပါရိုက်ယူလိုက်တဲ့အတွက်ဘဲဖြစ်ပါလိမ့်မယ်..
ဒါပေမယ့် ရွှေရုပ်ကထုံးစံအတိုင်နောက်ကိုချာကနဲနေအောင်လှည့်ပြေးမှ..ဟိုကောင်တွေလဲသတိပြန်ဝင်ပြီ
ပြေးကြတာပေါ့ အိုး ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း အခြားတွဲတွေလဲကြောင်တောင်တောင်နဲ့လိုက်ငေးနေကြတယ် ..
နောက်ကတော့ဆဲနည်းပေါင်းစုံဘဲ
“ဘယ်ကမိမဆုံးမ ဖမဆုံးမလဲ ..ဟင် ဘာကောင်တွေလဲ နင်တို့ကလှည့်မှဝဋ်လည်မယ် ကျက်သရေတုံးတွေ ”
“ဟီးးးးးးးးးးး”
ရွှေရုပ်ပြေးရင်းရီတာပေါ့ ..
နောက်နေ့ ကျတော့ ပုံတွေကူးတော့အဲ့ဒီအတွဲချောင်းတဲ့ပုံလေးအသက်ဝင်ဆုံးဘဲ ဘေဘီ ထီးတွေနဲ့ရိုက်တဲ့ပုံက သူ့ခေါင်းရယ် ဘွဲ့နှင်းသဘင်ကြီးတော့ပါတယ် ဟီးးးးး ဘာဘဲဖြစ်ဖြစ်
ရွှေရုပ်ကတော့မှင်သေသေနဲ့
“အမှတ်တရပေါ့ သူငယ်ချင်းရယ် နင့်နောက်အိမ်ထောင်ကျလို့သားသမီးတွေဘာတွေရလာရင်
ပြောလို့ရတာပေါ့ ပုံလေးပြပြီး ဒါလေ မေမေ့ သူငယ်ချင်းချောချောလေးရွှေရုပ်ဆိုတာရိုက်ပေးတာပေါ့လို့”
“အင် ဘာမှလဲမဆိုင်ဘူး...”
“ဟားဟားဟားဟား...”
ရွှေရုပ်တို့အဖွဲ့ပွဲကျသွားတယ် အခုချိန်ထိလဲရွှေရုပ်မှာအဲ့ဓါတ်ပုံလေး (အတွဲချောင်းတဲံ့ပုံ ချောင်းတဲ့သူရော အချောင်းခံရသူပါပါတယ် ) ရှိသေးတယ် သူငယ်ချင်းတွေကိုပြချင်ပေမယ့် ဓါတ်ပုံထဲကအတွဲကိုငဲ့ညှာသောအားဖြင့် မပြတော့ပါဘူး အရမ်းကြီးစိတ်ဝင်စားသူတွေရွှေရုပ်အိမ်ကိုလာ
ကြည့်ကြပါကုန်....
နောက်နေ့မှ ရွှေရုပ်ရဲ့တက္ကသိုလ်တက်တုန်းကအမှတ်တရလေးတွေဆက်ပြောပြပါဦးမယ်
ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
No comments:
Post a Comment