ဒီနေ့မနက်အိမ်ကို ဧည့်သည်ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရောက်လာပါတယ်.. ဖေဖေနဲ့စကားလက်ဆုံကျနေပြီး ရွှေရုပ်နဲ့မေမေစကားပြောတာကို သူကကြည့်နေတယ်ပြီးတော့
“ရွှေရုပ် ဒီနေ့မေမေ့အပြုံးဆိုပြီးကဗျာစပ်ပါလား ....”
ရွှေရုပ်မေမေ့ကိုကြည့်တော့မေမေလဲပြုံးနေတာတွေ့တယ်..အော်ဟုတ်ပ မေမေပြုံးတာတော်တော်
ကျက်သရေ ရှိနေပါပကော...အဲ့ဒီကျောင်းအုပ်ဆရာကြီးကဆက်ပြောသေးတယ်...
“အင်းပေါ့ မိခင်တွေကိုဘဲအလေးထားရမှာကို စာဆိုတောင်မှ“မာတာပီတ”တဲ့ ..မိခင်ကအရင်လာတာ
ဟုတ်တယ်မဟုတ်လား ဆရာရယ်...”
ဖေဖေကိုတောင်လှည့်ပြီးစက္ကူ အဲ စစ်ကူတောင်းလိုက်သေးတယ်..ဖေဖေကတော့
“အင်းဟုတ်ပ ကိုယ့်လူရယ်...”
ဒါနဲ့ ရွှေရုပ်လဲ
“ပီတမာတာဖြစ်ချင်ရင်တော့ ဆရာကြီးရယ် ဆရာကြီးတို့ ကိုးလလွယ်ဆယ်လဖွားပေါ့နော်...ဟုတ်တယ်မဟုတ်လားမေမေ”
“အင်းဟုတ်ပသမီးရယ်...”
မေမေပြုံးနေပြန်တယ်....ဒါကြောင့်ခုကဗျာလေးအသက်ဝင်ခဲ့တယ်....
မေမေ့ အပြုံး
တုနှိုင်းမမှီ
ယှဉ်ပြိုင်လျှင်ရှုံး
မေမေ့အပြုံး
စိတ်ထဲမြင်မိ
ကျက်သရေရှိပ
မေမေ့အပြုံးအရမ်းလှ
မေမေ့အပြုံးကိုအလေးထားတော့
ရွှေရုပ်ရင်မှာအားဖြစ်စေခဲ့............................................................
ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
No comments:
Post a Comment