`အပေါ်ထက်နဲ့အောက်ထက်ဇာတ်လမ်း တွေ့မှာတွေ့ကြပလေစမ်း´´
`ဟာမိုက်တယ်...သွားကြည့်မယ်ရွှေရုပ် ...´
`အေးလာသွားမယ် ´
ရွှေရုပ်လဲသိပ်မသွားချင်ပါဘူး အသံလာရာကိုနားစွင့်လိုက်တယ်...ပြီးတော့ ဦးတည်ပြီးကြားရသောအသံဆီသို့....
ရွှေရုပ်တို့ကတက္ကသိုလ်ပထမနှစ်လေ ရွှေရုပ်တို့ပထမနှစ်တုန်းက စတိတ်မှာဖြေတာပေါ့... အ.ထ.က
ကျောင်းမှာလေ .. အဲ့ဒါကျောင်းကိုလိုက်ရှာ ရင်း နဲ့ဒီအသံကိုကြားတာလေ .. ဒါနဲ့ပေါ့........
``အာလုံးတက်ကြ ငါ့ထော်လာဂျီ ..မိန်းကလေးများကအော်ကြော်လန်သည် ...´´
အမယ်မယ် ရွှေရုပ်တို့ရောက်လာတာနတ်ကနားလုပ်နေတဲ့နေ၇ာပေါ့ နတ်တွေကခပ်မိုက်မိုက်နော့
စိုင်းစိုင်းသီချင်းကိုအပီပြင်ဟဲနေတာ...
ကတာလဲကွေးလို့ ..နတ်ခေတ်မီတယ်ဆိုရမလားဘဲ..
ရွှေရုပ်တို့လဲအဲ့နေရာရောက်တော့ နတ်ကနားပေးတဲ့သူဌေးဖြစ်မယ် ရွှေရုပ်တို့ကို
`ဟယ်ကလေးတွေပဌာန်းဆက်ရှိတဲ့ကလေးသုံးယောက်လာမယ်..ဆိုလို့ တကယ်တော့´
ဆိုပြီး...ရွှေရုပ်တို့ကိုအထဲ ကိုခေါ်ပြီး စပယ်ရှယ်ဘဲ ဟီးဟီး ဘာစပယ်ရှယ်လဲသိလား..တကယ်ရှယ်
အစားသောက်တွေနဲ့ဧည့်ခံတာပေါ့ ..ရွှေရုပ်တို့ကလဲရေငတ်တုန်းရေတွင်းကျသလိုပါဘဲ အမုန်းဆွဲတာပေါ့ ..ရွှေရုပ်တို့သုံးယောက်မှာတစ်ယောက်က ကောင်လေးပေါ့ အထီးလေး ဟီးဟီး
ကျော်ကျော်တဲ့ ခပ်ချောချောလေးပေါ့ သိတယ်မဟုတ်လားရွှေရုပ်ာကလဲချောတယ်ဆိုတော့ ချောချော
လေးတွေဘဲရွေးပေါင်းတာလေ..ဟီးဟီး သိတယ်မဟုတ်လား...ဘာဘဲဖြစ်ဖြစ် ဒီမှာက ဂျောတကီးတွေ
ဆိုတော့ကျော်ကျော့်ကို မျက်လုံးကျတာပေါ့..သူတို့စားရသမျှကို
``ညီတော်လေးရော့ သောက် ဖွာတော်စွန့်တယ် ..´
ပြောလဲပြော မျက်စိတဖက်လဲမှိတ်ပြလိုက်သေးတယ် ဒါကိုဟိုကောင်ကလဲငပြောင် ပလိုင်းကစ်တောင်
ပြန်လုပ်လိုက်သေးတယ်... ပြီးတော့နတ်ဝင်လို့နတ်ကပြီဆိုရင် ဘေးမှာရှိတဲ့ ရွှေဆွဲကြိုးပြောင်ပြောင်
ပြောင်ပြောင်နဲ့အန်တီကြီးတွေအမကြီးတွေက ထောင်တန်အထပ်လိုက်ကိုင်ပြီးနတ်ကတော်(ကနေတဲ့
ဂျော်တကီး) ကို `မ´ပါ `မ´ပါ နဲ့ ဘာမခိုင်းမှန်းမသိပါဘူး ..ဟိုကတော့ ထောင်တန်တွေမနေတာတွေ့တယ်... ပြီးတော့နတ်ကတော်က ထောင်တန်တွေလဲပြန်စွန့်တာဘဲ
ဆိုင်းတီးပေးတဲ့သူတို့ ဘာတို့ပေါ့ ..အဲ့အချိန်မှာ ကျော်ကျော်ကို နောက် ထပ်ကမယ့် ဂျော်တကီးက အပီပြင်ကို ရှိုးနေတာပေါ့ ..ဒါကိုဒီကောင်မနပ်တာပြောပါတယ် ..ရွှေ၇ုပ်ကခွင်တွေ့ပြီးသားလေ ..
သူသာဖမ်းစားလိုက်နိုင်ရင် ရွှေရုပ်တို့ ရေပြတ်နေတာ ရေလာပြီဘဲ (ငွေကုန်နေတာပြောပါတယ်)
ဒါနဲ့ တိုးတိုးလေးကပ်ပြီးကျော်ကျော့်ကို
`ကျော်ကျော် ..နင့်ကို ဟိုတစ်ယောက်က ရှိုးနေပြီ နင်လုပ်ရှားလိုက်တာနဲ့ မုန့်စားရပြီ..´
`ဟေ ဟုတ်လား တော်လိုက်တာရွှေရုပ်ရယ်...အေးဟုတ်ပါပြီ ငါလှုပ်ရှားလိုက်တော့မယ်...´
`အေး..´
ကျော်ကျော် တော်တော်လေးကြိုးစားပမ်းစားလှုပ်ရှားလိုက်ပါတယ် ထိုင်နေတဲ့ဂျော်တကီးကို
လက်ဝါးလေးထောင်ပြကာ လက်ချောင်းလေးများကို ရှေ့တိုးနောက်ဆုတ် ...သဘောကတော့
ဟိုင်း ဆိုပြီးတရင်းတနှီးနှုတ်ဆက်လိုက်ပါတယ်...အသံတော့ထွက်ဘူးနော်..အဲ့တိုင်းဘဲမြင်ကြည့်
ဟိဟိ ..သူတို့နှစ်ယောက်ကြည်ပြီး အဲ့ဒီအခြောက်လှည့်ရောက်လာပါတယ် ...အခြောက်ကသူ့ပေသမျှထောင်တန်အထပ်လိုက်ကို ကိုင်ပြီး
`သားတော်လေးရော´့ ဆိုပြီးကျော်ကျော့် ကိုပေးလိုက်ပါတယ်...
ပြီးတော့ကျော်ကျော်ကလဲ အမေ အမေနဲ့နေတာဘဲ ဘာလဲလို့ သတိထားကြည့်တော့ နတ်ကတော်
ဝင်နေတာက အမေကြမ်းတဲ့အမေကတော့ကြမ်းလားမသိဘူး သားတော်လေးသားတော်လေးနဲ့ ချိုအီနေတာဘဲ ပြီးတော့ ကျော်ကျော်က သီချင်းတစ်ပုဒ်တောင်းလိုက်သေးတယ်..
`မေကြမ်း သားတော်ကိုချစ်ရင် သီချင်းတစ်ပုဒ်လောက်နော်...နော့ ..´
အောင်မလေးဒီကောင်တော်တော်တက်နေပါပကော ..ဟွန့်ရုပ်ကြမ်းကြီးနဲ့နွဲ့လိုက်တာလဲလွန်ပါရော
ပြီးတော့ အမေကြမ်းဝင်တဲ့ နတ်ကတော်က
`ခုတင်ဆက်မှာကတော့ ချစ် သားတော်လေးအတွက် ငါဘုရင်မသီချင်းဖြစ်ပါတယ်...´
ဒီအချိန်မှာရွှေရုပ်တို့ ကလဲထောနေပြီလေ..ဒါကြောင့် နတ်ကနားပေးတဲ့ အန်တီကြီးကိုနှုတ်ဆက်ပြီး
ဂျော်တကီးက ခြေတစ်ချောင်းကိုရှေ့ထုတ် လက်နှစ်ဘက်ကိုဘေးကိုဆန့်တန်းပြီး အားရပါးရ ဖြူဖြူကျော်သိန်းစတိုင်တိုင်း အော်ဆိုလိုက်တယ် ..
`ငါဘုရင်မ အသဲများဟပ်တက်ကွဲရမယ် ပုရိတ..´
ဒီအချိန်မှာ ရွှေရုပ်တို့ ကတဖက်ကားလမ်းမှာ ဂျော်တကီးစွန့်လိုက်တဲ့ ထောင်တန်တွေကိုဘယ်
လောက်လဲရေကြည့်ရင်း ပဌာန်းဆက်နဲ့ အရမ်းမြတ်သွားပါတယ်...
ပြီးပါပြီ (ပြုံးပျော်နိုင်ပါစေ) ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
နတ်ကနားဝင်ကပါလားရွှေရုပ်လေး ။ကောင်းတယ်အရေးအသားတွေ ။
ReplyDelete