“ကျောင်းမှာဝါဆိုသင်္ကန်းကပ်မလို့ အဲ့ဒါလေ မှတ်တမ်းတင်ဓါတ်ပုံရိုက်ချင်လို့ပါ ...”
“ရွှေရုပ်ရေလိုက်သွားလိုက်နော်....”
မမဖြူကလှမ်းပြောတော့ ရွှေရုပ်လဲကင်မရာကိုအိတ်ထဲကောက်ထည့်ပြီးဆိုင်ကယ်အုပ်ထုပ်ဆောင်းကာလိုက်သွားခဲ့ပါတယ်....
ကျောင်းရောက်တော့တော်တော်ပျော်ဖို့ကောင်းတယ် ဘုန်းကြီးတွေတောင်ဆွမ်းစားနေကြပြီ....
အရင်ဆုံးကြည့်လိုက်မိတာကတော့ ဘာဆွမ်းတွေကပ်လဲပေါ့..ဟီးဟီး...
ပြီးတော့ မှတ်တမ်းတင်ဓါတ်ပုံတွေရိုက်တာပေါ့ .
“ငါပေါ်လား ကောင်မလေး ..ငါပေါ်လား ...”
“မပေါ်ဘူးလေ ...မင်းကပုဆိုးကိုတိုတိုဝတ်ပါလား..”
လူတွေရှုပ်နေတဲံအထဲသူတို့တွေကအဲ့လို ရွှေရုပ်ကင်မရာကိုင်ပြီးလူအားလုံးကင်မရာဘောင်းထဲရောက်
အောင်လိုက်ဆွဲထည့်နေရတယ်......
“ရပြီးရိုက်မယ်....”
အားလုံးလဲရိုက်ပြီးရော....
“ကင်မရာရိုက်တဲံကောင်မလေးကို ကျွေးပါအုံး”
“ရပါတယ် တကူးတကမလုပ်ပါနဲ့ အားလုံးနဲ့ဘဲဝိုင်းစားပါမယ်...”
ရွှေရုပ်ကတော့အကြံနဲ့ပေါ့ ကျောင်းအုပ်ဆရာကြီးထိုင်တော့ ကျောင်းအုပ်ဆရာကြီးရှေ့မှာထိုင်လိုက်တယ်..အဲ့ဒါဆိုအော်တော်မစ်တစ် ဟင်းပွဲကောင်းကောင်းတွေကရှေ့ကိုရောက်လာရော မမိုက်ဘူးလား........
အမယ်ကျောင်းအုပ်ဆရာကြီးဘေးက ထိုင်တဲ့ ဆရာကတော်တော်ပါးတယ်ပြောရမယ်..
ကြက်သားဟင်းကိုသူ့ရှေ့ကိုရွေ့လိုက်တယ် ...အော်သူကဂလိုကိုးရတယ် ရတယ်...
ရွှေရုပ်လဲကြက်သားခွက်ကိုလှမ်းယူပြီးကြက်သားပန်းကန်ထဲက အသားဖတ်ကြီးဘဲရွေးခပ်ပြီး ကျန်တဲ့အရိုးပန်းကန်ကိုဆရာရှေ့လှမ်းပို့ပြီး အလှဆုံးပြုံးပြကာ
“ဆရာစားနော် ရွှေရုပ်ကတော့ပုံထားလိုက်ပြီ..အိမ်မှာကလေ အဲ့လိုစားလိုက်တာ..ဟီးဟီး..”
“ဟဲဟဲ ...”
ဆရာကကြက်သားခွက်ကိုကြည့်ရင်းရှုံ့မဲ့ပြရင်းပြန်ပြုံးနေတယ်...
“ဟားဟားဟားဟား....”စိတ်ထဲကတော့အရမ်းကြီးရီလိုက်ပေမယ့် မျက်နှာမှတော့ အပြုံးလေးတစ်ခုနဲ့
ပေါ့
အလှူတွေရိုက်လို့စားရတဲ့မထဲမှာဒီပွဲကောင်းဆုံးဘဲ မိုက်တယ်.....အရသာကိုရှိနေတာဘဲ ....
စားပြီးလက်ဆေးတော့ အဲ့ဒီဆရာနဲ့တွေ့တော့
“ကောင်းလိုက်တာဆရာရယ် စားလာတဲံအလှူထဲမှာဒီအလှူစားလို့ကောင်းဆုံးဘဲ....”
“အင်းပါကြက်သားလေး အဲ သမီးရယ်.....”
ရွှေရုပ်လဲ လှည့်ဆေးပြီးမကြားချင်ယောင်ဆောင်လိုက်တယ်...စိတ်ထဲကတော့
“ဟားဟား ဟားဟား ......................................”
(ရွှေရုပ်ဒီနေ့နေ့လည်သွားတဲ့ရိုက်ကူးရေးပွဲလေးအမှတ်တရပါ စာဖတ်သူများလဲအလှူလိုက်စားရင်
နည်းလမ်းကောင်းလေးရတာပေါ့နော်.....)
ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
No comments:
Post a Comment