` မမမိုးတွေညိုလာပြီ အစောကြီးရှိသေးတယ် မှောင်မဲနေတာဘဲ ´
` အင်း ဟုတ်ပါရဲ့ ဒါပေမယ့် မမမှာထီးအကြီးကြီးပါတယ် ..မပူပါနဲ့ ´
`ပူပါဘူး အေးလာတာလေ မိုးသက်လေတွေနဲ့ ´
ရွှေရုပ်တို့ ကြက်သားတုတ်တိုးလုပ်စားဖို့ ဈေးကိုပတ်နေတာတော်တော်ကြာသွားတယ်...
`အမ ကြက်သားတစ်ပိဿာ ဘယ်လောက်လဲ ´
`၅၀၀၀လေ ညီမလေး ´
`အော်တန်သားဘဲ ဘယ်နှစ်ပိဿာလောက်ကျန်သေးလဲ အမ ´
`အချိန်(၁၀)လောက်ရအုံးမယ် ညီမလေးထပ်လိုချင်လဲ ရမယ်လေ ...ဘယ်လောက်လဲသာပြောလိုက် ´
`၅၀သားလောက်ချိန်လိုက်မမ နောက်ကျန်တဲ့ ၉ပိဿာ၅၀ကို ထပ်ရောင်းပေါ့ဟီးဟီး´
`အော်......´
ကြက်ရောင်တဲ့မမအော်သွားတယ် ....ဟီးဟီး
`ဝေါ ဝေါ ´မိုးတွေအော်ချလာတယ်...
ထီးကြီးကြီးဖွင့် ပြီးဆောင်းလိုက်တယ် ဒါပေမယ့် မိုးကအရမ်းသဲတာပေါ့ နီးနီးလေးတောင်မနည်းကြီးအော် ပြောနေရတယ် ဒါကြောင့်ဖတ်တဲ့သူတွေလဲ ခုရေးတဲ့စားကိုအော်ဖတ်ကြပါကုန် ဟီးဟီး
`မမရေ မရတော့ဘူး မိုးများထီးမနိုင်ဘူး ရွဲကုန်ပြီ ဘိုလုပ်မလဲ(ဘယ်လိုလုပ်မလဲ)´
အဲ့ဒါနော် မိုးရေကြီးထဲလေကလဲအရမ်းတိုက်တဲ့အချိန်အော်ပြောတာ
အဲ့ဒါကြောင့်အော်ဖတ် ဟီးဟီး
`အေး လ္ဘက်ရည်ဆိုင်ဝင်မယ် လာထား´
ဆိုပြီးတွေ့တဲ့ လက်ဘက်ရည်ဆိုင်ထဲဝင်လိုက်တယ် ပြီးတော့ပရီမီယာ ပူပူလေးနဲ့ ရှေ့ကလျှောက်တဲ့
သူလေးတွေကို ငေးပြီး အတင်းတွေပြော အဲ အတင်းတွေဆွေးနွေးတာပေါ့..အဲ့ဒီအချိန်မှာအပျော်ဆုံးလူသားတွေကိုပြပါဆို၇င် အတွဲတွေပေါ့
ပူးကပ်နေတာဘဲ ဟီးဟီး ရေစိုမှာစိုးလို့နဲ့တူတယ် ပရိတ်သတ်ကိုမြင်လာအောင်ဘယ်လိုပြောရင်ကောင်းမလဲ ကောင်လေးကကောင်မလေး ရဲ့ပုခုံးကိုခပ်ကျပ်ကျပ်လေးဖက်ထားပြီးကောင်မလေးက ကောင်လေးရဲ့ ခါးကိုတင်ကျပ်စွာပြန်ပြီး
ပေါ့ ...အရမ်းအရမ်းကိုချမ်းနေကြတာပေါ့ ဘာကိုမှမမြင်အောင်ဟီးဟီး...
အဲ့ဒါကတစ်တွဲ နောက်တစ်တွဲက ကောင်မလေးကသူ့ကောင်လေးလက်ကို ယူပြီးသူ့ခါးကိုဖတ်ခိုင်းတယ် အဲ့ဒါကတစ်တွဲနောက်တစ်တွဲက ထီးကသေးသေးအတွဲကလူနှစ်ယောက်က ခပ်၀၀ပေါ့ ပြီးတော့၀၀အမျိုးကြီးကထီးကောက်ကြီးလက်ကကိုင်ထားသေးတယ် ဖွင့်လဲမဆောင်းဘူးဘေးကမမ၀၀ကိုလဲ မိုးရေနဲ့မျှော်မှာစိုးတဲ့အလားတအားကိုဖတ်ထားတယ်....
အဲ့ဒီမမက လဲရှင့်ထီးကြီးတုတ်ဆောင်းလို့မပြောဘးလားမသိဘူး ပျော်နေတယ် သူ့ရဲ့ခန္တာကိုယ်ကြီးကိုလိမ်းအောင်လျှောက်ရင်းမိုးရေကိုလက်ကခံလို့ သူ့ရဲ့ အကိုကြီးကိုလက်နဲ့လှမ်းတောက်လိုက်တယ် ..ဟိုအကိုကြီးက အဲ့ဒါကိုမှိုရတဲ့မျက်နှာင်္ကြီးနဲ့ကွမ်းချီးပေနေတဲ့သွားကြီးဖြီးပြီး ရီပြလိုက်တယ် လက်ဘက်ရည်ဆိုင်ထဲကလဲအားလုံးသောသူအပေါင်းက သူတို့ပရိတ်သတ်အော်တိုမစ်တစ်ဖြစ်သွားပါတယ်
အမကြီးကလက်နဲ့တောက်လိုက်တာကို အကိုကြီးကသတိလက်လွတ် ဘယ်သူမှမရှိဘူးထင်သွားတယ်
နဲ့တူတယ် အမ၀၀ကြီးလက်ကိုအားဘွားရှလူးလိုက်တယ်(နမ်းတယ်ပြောတာ) ဟီးဟီး အဲအဲဒီချိန်မှာ
ရေစီးနဲ့အတူ ကြွက်သေကောင်ကြီးမျှောပါလာတယ်... အဲ့ဒါကို အဲ့ဒီအမကြီးမြင်တော့ ထခုန်လိုက်တာ အောက်ကခပ်ပြီးမျှောပါလာတဲ့ သရက်စေ့ကိုနင်းမိပြီး ဝေါဆိုပါသွားတယ် အကိုကြီးကလဲကို့လို့ကန့်လန့်ကြီးပေါ့ ... အဲ့ဒါကို လက်ဘက်ရည်ဆိုင်ကလူတွေက အားပေးလိုက်တာ
`ဟားဟားဟားဟားဟားဟား´
ရွှေရုပ်အသံကအကျယ်ဆုံး ဒါကို အကိုငနဲသားကြီးကတင်းသွားပြီး လှည့်ကြည့်တယ် ပြီးတော့ရွှေရုပ်ဆီကိုတလှမ်းခြင်းဒေါသဖြစ်စွာနဲ့...................................
ရွှေရုပ်လဲရင်တွေခုန်လာတယ် ..အားလုံးသောပရိတ်သတ်တွေလဲ ပါးစပ်အဟောင်းသားနဲ့ အံ့သားသင့်လို့ပေါ့ သူက ပြောလိုက်တယ် အသံအောအောကြီးနဲ့
`ညီမလေး ဘယ်နားဆေးခန်းရှိလဲ ဟိုကအမကြီး ဒဲပြူးသွားလို့ ´
`ဟင်း ...........................´ ရွှေ၇ုပ်လဲသက်ပြင်းရှည်ကြီးချပြီး ဆေးခန်းရှိရာကိုညွှန်ပေးလိုက်ပါတယ်
ပြီးပါပြီ ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
:-)
ReplyDelete