“ကဲ ဒီကဗျာကိုပိုင်အောင်ကျက် မနက်ဖြန်မေးမယ် ..မရရင် ဒဏ်ပေးမယ်...”
“ရရင်ရော ..”
“ရရင်လဲဒဏ်ပေးမယ်အဲ ရရင်ဘာမှမပြောဘူးလေ. မရရင်တော့နာပြီသာမှတ် .... ပြီးတော့ပြောရအုံးမယ်
နောက်နေ့ကစပြီး ဆရာ့အိမ် မင်းတို့စာလာသင်ရမယ် မင်းတို့ဆီဆရာမလာနိုင်ဘူး..ဝေးတယ်...“
“ဟေး ဝေးဝေး......”
ပျော်သွားကြတာတော့ေ၇ွှရုပ်တို့ပါ မပျော်ခံနိုင်ရိုးလား ဒီ(၁၀)တန်းကြီးကိုကျောင်းနဲ့ကျူရှင်ဘဲ
သံသရာလည်နေတာ ခုတော့နောက်တစ်နေရာ ဆရာ့အိမ်ကဈေးမှာ ပျော်လိုက်တဲ့ဖြစ်ချင်းဈေးထဲ
သွားပြီးဝက်သားတုတ်ထိုးစားလို့ရပြီပေါ့...လာထား ...ဘဲ
ဆရာလဲဒီနေ့ရွှေရုပ်တို့ကျူရှင်ကအပြန်ခေါင်းကုတ်ပြန်တယ်သူကရွှေရုပ်တို့ကိုထက်မသင်ချင်တော့တဲ့
စတိုင်မျိုးပေါ့......သူပြောတာကိုကျောင်းသားတွေပိုတောင်သဘောကျသွားတယ်ဆိုတော့ဆရာစိတ်ညစ်
နေတယ် ...ဆရာကိုလဲအဲ့တုန်းကသာ စိတ်ခုတာ ခုပြန်စဉ်းစားကြည့်ရင် ရွှေရုပ်တို့ဝိုင်းဘယ်သူမှ မသင်ချင်အောင်ဘဲဟုတ်လဲဟုတ်တယ်... ရွှေရုပ်ဆက်ပြောပြမယ်...
အိမ်ရောက်တော့မေမေ့ကိုပြောတော့
“ဟာ မလွှတ်ချင်ဘူး ညည်းကို နောက်ဆရာတစ်ယောက်ပြောင်းမယ် ဘယ်နှယ့် ကလေးတွေကိုဘယ်မှမသွားစေချင်လို့ခေါ်သင်ပါတယ်ဆိုမှ သူကသူ့အိမ်လာရအုံးမယ်တဲ့ မဖြစ်နိုင်တာ..”
“ဟာမေမေကလဲရွှေရုပ်တစ်ယောက်တည်းသွားတက်မှာမှမဟုတ်တာ ပုစွန်ခေါင်းတို့ရော..ပွတ်တပ်တို့
ရောအကုန်ပါမှာ မေမေကလဲ....”
“အေးပါဟယ်ညည်းအရွယ်ကထိမ်း ရခက်ခက်နဲ့ညည်းမျက်နှာလမ်းသွားရင်မျက်နှာထားတင်းတင်းနဲ့
တလောကလုံးကိုယ့်လုပ်စာစားနေတဲ့ပုံနဲ့သွား ညည်းပြောလဲရမှာမဟုတ်ပါဘူး ညည်းကြည့်လိုက်ရင်
တစ်လောကလုံးကညည်းကိုလုပ်ကျွေးနေတဲ့အတိုင်ဘဲပြုံးဖြီးဖြီးနဲ့ ”
မေမေကတော့ အဲ့လိုသြဘာပေးပါတယ် ရွှေရုပ်ကအဲ့လိုမျိုး အမြဲတမ်းပြုံးနေတယ်..အဲ့ဒီစတိုင်က
ရွှေရုပ်ရဲ့ပင်ကိုစတိုင်ဘဲ .....
စနေတနင်္ဂနွေဆိုရင်ဆရာ့အိမ်ကိုရောက်ပြီိုနေ့လည်ထမင်းစားချိန်ဆိုရွှေရုပ်ပ်တို့အဖွဲ့လွတ်လပ်ရေးရသလိုဘဲပျော်စရာကောင်တယ် ထမင်းကိုမြန်မြန်စား ပြီးတော့ ဈေးပတ်တာဘဲတုတ်တိုးတွေစားပြီးရင်ဆရာကနေ့လည်အိပ်တယ်လေ
ပြန်လာရင် ဆရာ့နာရီကိုယူပြီးအချိန်ခိုးလှည့် ပြီးရင် စကောတွေပြား အဲအဲစကားပြော ပျော်လိုက်တဲ့ဖြစ်
ချင်း ...နောက်နေ့ဆရာက စာမေးပွဲစစ်တယ် ရွှေရုပ်တို့ကိုသူမသင်ချင်တော့ဘူးလေ ...ဒါပေမယ့် မသိဘူး စာမေးပွဲမှာရွှေရုပ်နဲ့ပုစွန်ခေါင်းက အမှတ်များဆုံးရတယ်.. ဆရာကတော့အဲ့ဒါခိုးချတာတဲ့
ကျတဲ့ကောင်တွေကြတော့ညံ့တာတဲ့မလွတ်ဘူး ဟိုပုံပြင်လေးလိုဘဲ
တစ်ခါက လင်မယားနှစ်ယောက်ရှိတယ် သူ့ယောင်္ကျားကလေ အရက်အ၇မ်းသောက်တာလေ တနေ့သူပြန်လာတော့ ခွေးတွေကယောင်လို့ သူက
“ခွေးတွေသစ္စာရှိပုံများ ငါမှုးလာတိုင်းဟောင်တယ်အေ့............“
လူကလဲချာလည်လည်ပေါ့ ပုဆိုးကိုလဲတိုတိုဝတ်လို့ သူ့မိန်းမကိုလဲသူကမှုးနေ၇င်သိပ်နိုင်တာ..
ဒါကြောင့်သူ့မိန်းမက ထတွဲတယ်လေ သူ့ကို...
“မင်းကငါ့ကိုဒုက္ခိတလို့ထင်လို့ထဆွဲတယ်ပေါ့ ကောင်မ ”
အဲ့ဒါနဲ့နောက်နေ့တော့သူမိန်းမမဆွဲဘူးအဲ့ကျတော့လဲ
“ကောင်မ နင်ဘယ်လင်အားကိုးနဲ့ငါ့ကိုကူမတွဲတာလဲ...ဟင်ကောင်မ..”
အဲ့လိုပါဘဲ ဆရာကရမယ်ရှာတာလေ
“ခုချက်ချင်းနင်တို့ ငါ့ကျူရှင်လာတက်စရာမလိုဘူး ...နင်တို့ကိုမိုးပေါ်က သကြားမင်းဆင်းသင်တောင်
မအောင်ဘူး ဘယ်နှယ့် အောင်ရင်လဲငါ့လည်ပင်းလာဖြတ် ကြာလား...”
“ဟုတ်ဆရာ ..”
“ဘာပြောတယ်...”
“ရှင်..”
ရွှေရုပ်လဲဘာရယ်မဟုတ်ပါဘူး ကြောက်ကြောက်လန့်လန့်နဲ့ဟုတ်လို့ထွက်သွားတာ ..မနည်းပြန်
တောင်းပန်လိုက်ရတယ်...တော်တော်ဆိုးတဲ့အခြေနေမှာ ရွှေရုပ်တို့အအော်ခံလိုက်တယ် ဆရာ့အသံက
အကျယ်ကြီးဆိုတော့ ဘေးကအိမ်တွေလဲကြားပြီးရွှေ၇ုပ်တို့အဖွဲ့လွယ်အိတ်လေးတွေလွယ်ပြီးထွက်လာ
တာကို သူတို့တွေက လူဆိုပေါက်စလေးတွေ တရားခွင်ဝင်တဲ့အတိုင်းဝိုင်းကြည့်ပြီးမေးငေါ့နေကြတယ်
ရွှေရုပ်တို့ခြေလှမ်းတွေကလဲဆရာ့အိမ်နဲ့ဝေးရာကို....
ပြီးပြီ
ပြောစရာကျန်တာကဆရာအဲ့လိုပြောလိုက်လို့ ရွှေရုပ်တို့အဖွဲ့ဝိုင်းလုံးကျွတ်အောင်ခဲ့ရတယ်..
ဒါပေမယ့်ရွှေရုပ်ဆရာ့ကိုညာတာသောအားဖြင့် လည်မဖြတ်ပစ်ခဲ့ပါဘူး ဟီးဟီး...ဆရာ့ရဲ့ကျေးဇူးကြောင့်ပါ................
ရွှေရုပ်Wink
Subscribe to:
Post Comments (Atom)
No comments:
Post a Comment