Friday, August 14, 2009

ရွှေရုပ်ရဲ့ပြာကြီး

တစ်နေ့ပေါ့ ဖေဖေအိမ်ကိုကြက်ဖကြီးပိုက်လို့ပြန်လာတယ်

“ဖေကြီး အိမ်မှာလဲကြက်ဖတွေရှိနေတာဘဲ ခုဟာကြီးက၀ယ်လာတာလား”

“ဟုတ်ဘူး သမီးရဲ့ ခဏငှားလာတာ”

“ဟင်ကြက်ကိုဘဲ ငှားရတယ်လို့ စာအုပ်ဆိုင်ကနေစာအုပ်ငှားတာကျနေတာဘဲ”

“ဟုတ်တယ်သမီးရဲ့ သူကို့ဝယ်တာ သူ့သခင်ကမရောင်းဘူးလေအဲ့ဒါနဲ့ခဏငှားပါဆိုပြီး ငှားလာတာ”

“သူ့မျိုးရရင်ပြန်ပို့မှာသမီးရဲ့ ကိုင်ကြည့်ပါဦး ပြီးတော့တိုက်ကြက်အစစ်တဲ့ ကံကောင်းလို့ခဏရလာတာ”

ရွှေရုပ်ကြက်ဖကြီးကိုပိုက်ကြည့်လိုက်တယ် အိုး.........နည်းတဲ့ကောင်ကြီးမဟုတ်ဘူး တတွေးကြီး

ချစ်ဖို့ကောင်းတယ် အိမ်ကအလှဆုံး ကြက်မလေးနဲ့ပေးစားပစ်မယ် ချစ်စရာပါလား ဖေ့သားကြီး

အဲ အဲ မေ့သားကြီး အော်ဒါဆိုလဲ ကောင်းဘူးလေ ဟဲဟဲ ကြက်မောင်လေး ဟာ ငါကဘဲ လူစင်စစ်က

နေကြက်ဖြစ်ရဦးမယ် သူကအပြာရောင်ဆိုတော့ အင်းပြာကြီးပေါ့.....

အဲ့ချိန်ကနေ ရွှေရုပ်လဲနွေရာသီကျောင်းပိတ်ထားတယ်ဆိုတော့ ကြက်ကျောင်းသူကြီးဖြစ်တာပေါ့

ဒါပေမယ့်လေ အိမ်ကဖေဖေက စိုက်တာလဲဝါသနာကပါပါ့ ငရုတ်ပင်တွေစိုက်ထားပြီး ခြံတောင်ပတ်ကာ

ထားသေးတယ် ရွှေရုပ် ကြက်နှစ်ကောင်ပေးတွေ့ပေးတယ် ပြီးတော့ ကြက်ကျောင်းနေတာပေါ့

“သမီး ခြံထဲကိုကြက်တွေမ၀င်စေနဲ့ ကြက်ဝင်ရင်သမီးကိုရိုက်မယ်..ဟုတ်ပြီလား ..”

ဖေဖေက ရွှေရုပ်ကိုအဲ့လိုပြောလိုက်တာကို ဟိုဘက်ကနေလမ်းလျှောက်လာတဲ့ ကိုသက်ဆိုတဲ့

ကောင်လေး တစ်တန်းလားဘဲရှိဦးမယ် သူကပြောတော့ဖေဖေကပြုံးပြီးအိမ်ထဲပြန်ဝင်သွားတယ်

သူက

“ကြက်ဝင်ရင် မမရွှေရုပ်တိုရိုက်မယ် ကြက်မ၀င်ရင်ကြက်တိုရိုက်မယ်”

လို့ပြောတာ အဲ့ဒါနဲ့အဲ့ကလေးကိုရွှေရုပ်ခေါ်လိုက်တယ် ပြီးတော့

“တွေ့လားကိုသက် အဲ့ဒါမမကြက်ဖကြီး”

“လှလိုက်တာနော် မမရွှေရုပ် ဟီးဟီး”

ဒါပေမယ့် ကိုသက်နောက်ပြောလိုက်တဲ့စကားကပိုပြီး ဆိုးတယ်

“အကြီးကြီးပြီးချက်စားလိုက်ရရင်တော့..”

“ဟာ ကိုသက်ကလဲ မမကချစ်လို့ပါဆို ”

“ဟာဗျာ သားကဘာပြောလို့လဲ ညသားလဲချစ်တာဘဲ လေ ”

“အင်းလေ ချစ်တာကို ဘာလို့စားချင်တာလဲ ”

“ချစ်တာလဲ ချစ်တာပေါ့ မမရွှေရုပ်ရယ် စားချင်တာကလဲစားချင်တာဘဲလေ အိမ်ကမေမေဆို

အိမ်က၀က်လေးကိုသိပ်ချစ်တာ ၀က်ပေါ်တော့လဲ မေမေစားလိုက်တာ အန်တောင်ထွက်တယ်

ဘာလဲ ၀က်ခေါင်းသုတ်ဆိုလားဘဲ သားလဲ အဲ့ကြက်လေးကို မေမေ့လိုချစ်တာပါ...”

“အောင်မလေးမချစ်နဲ့ မချစ်နဲ့ သွားဆော့သွားဆော့ ဒီနားကိုလာမနေနဲ့ သွားရည်တမြားမြားနဲ့

မချစ်နဲ့ကိုသက်ရေ လစ်သွား ဝေးဝေးသွားနေ”

အဲ့ဒီကြက်ဖကြီးကလေ တိုက်ကြက်မို့လားမသိဘူးတော်တော်ခွပ်တာ အိမ်ကကြက်တွေတော်တော်

ကြောက်ဘဲ ဖေဖေဆီမှာတောင်ကြက်ကိုလာတောင်းဝယ်တဲ့သူရှိသေးတယ် သိန်းဂဏန်းထိပြောတာ

ဒါပေမယ့်လေ ကြက်ဖကြီးက ရွှေရုပ်ခေါ်၇င်ပြေးလာတယ် ပြီးတော့သူများကြက်နဲ့ချနေပြီဆို ရွှေရုပ်က

ပြာကြီးရေလို့အော်လိုက် သူခုန်ပြီးသား အဲ့လိုပေါ့ ပြာကြီးကရွှေရုပ်တို့ရပ်ကွက်ထဲမှာ အဲပေါ့

အိမ်နားမှာ ဘယ်ကြက်ဖကိုမှ ဗိုလ်မထားဘူးအ၇မ်းမိုက်တယ် သူနဲ့ခွပ်တဲ့ကောင်တွေ မဆလာတိုက်တဲ့

ကောင်တိုက်ရတယ် သိလား မဆာလာတိုက်တာ ဟင်းအိုးထဲရောက်ရင်လေ ..အင်းပေါ့

တနေ့ကျတော့ ဟိုဘက်ခြံက ကြက်ဖကြီးတစ်ကောင်ဝယ်လာတယ်တဲ့ အင်းပေါ့ သွားတွေ့တာပေါ့

သူတို့နှစ်ကောင် နယ်လုရင်းနဲ့ခွပ်ရောအဲ့ဒီမှာ ရွှေရုပ်ကပြာကြီးရေ လို့အော်ရင် ပြာကြီးခုန်တာဘဲ

ဒါပေမယ့် ပြာကြီးမနိုင်ဘူးလေ အဲ့ဒါနဲ့ရွှေရုပ်လဲ ဘေးမှာရှိတဲ့ ထင်းနဲ့ပြေးရိုက်တာပေါ့ ဘယ်ရမလဲ

ရွှေရုပ်ဘဲလေ ကို့ကြက်တော့ဘယ်အရှုံးခံမလဲနော် ဒါပေမယ့် သူတို့ကလဲဘယ်အချိန်ထဲကချောင်း

ကြည့်နေလဲမသိဘူး ရွှေရုပ်ရဲ့ပြာကြီးကိုဝင်ဆော်တာပေါ့ အဲ့ဒါနဲ့ အဲ့ဒီအိမ်ကအမကြီးကိုပြန်တွန်းချ

လိုက်တယ် သူက ရွှေရုပ်ကို ပြန်ပြီးလုပ်မလို့ပေါ့ အဲ့ချိန်မှာဖေဖေတို့ဝိုင်းဆွဲလိုက်တာ မြန်လို့

နို့မဟုတ်ရင်တော့ အဲ့အိမ်ကလူရောကြက်ရောမဆလာတိုက်ပြီးသားဘဲ

နောက်နေ့မနက်မှာတော့ ရွှေရုပ်ရဲ့ပြာကြီး မရှိတော့ဘူးလေ ဖေဖေမနက်စောစောပြန်ပို့လိုက်ပြီတဲံ့

အဲ့တုန်းကငိုလိုက်ရတာများလေ .....................................................................

..........................................................................................
ရွှေရုပ်

No comments:

Post a Comment