Sunday, August 23, 2009

မှိုကျင်းတွေ့တဲ့မျက်နှာ

“ဈေးမှာသမီးရယ်မှိုတွေရောင်းနေတာတအားဘဲ ဈေးလဲကောင်းတယ်....”

“မေမေကလဲဝယ်လာတာမဟုတ်ဘူး လာပြောနေတယ်.. စားချင်တာသွာရည်တောင်ကျလာပြီဟီးဟီး..”

“စာရလေ ငတ်လေဘဲငတ်ကြီးကျလေး ပြောချင်ဘူး...”

“နောက်နေ့ဝယ်ပေးမယ် ဟုတ်ပြီလား...”

“ရက်စ် မာမီ မားသား မားမား မေမေ..အယ်မေမေရေစဉ်းစားကြည့်နော် မိန်းမတွေလို့ပြောလိုက်တာနဲ့

မအက္ခရာတွေပါတာဘဲနော်..မေမေစဉ်းစားကြည့်နော် ယောင်္ကျားလေးတွေကျတော့ ယေယေတို့ယာသားတို့ ယားယားတို့ ယယ်တီတို့ နော် အဲ့လိုခေါ်ရမှာနော်...ဟီးဟီး.....”

“အေးပေါ့ အယ်ဟုတ်ပါဘူး...ဘာတွေလဲပေါက်ကရတွေ ကလေးမလေးနော်....”

“ဟီးဟီး ..ဟုတ်ပါဘူးမေမေရဲ့ စတာာပါချစ်လို့ မေမေသာ မနက်ဖြန် မှိုကြော်ကျွေးဖို့မမေ့နဲ့...”

အဲ့ဒီညလေ ရွှေရုပ်အိမ်မက်ထဲမှာမှိုတွေပါလာတယ် မှိုတွေပေါ်မှာလဲလမ်းတွေလျှောက်လို့ ပြီးတော့

ပျော်စရာကြီး..”

နောက်နေ့မနက်မှာလန်းလန်းဆန်းဆန်းရွှေရုပ်အိပ်ယာကနိုးလာပါတယ် နိုးနိုးချင်ဘဲအိမ်မက်ကိုပြန်

သတိရပြီးပြုံးမိပါတယ်...ပျော်ဖို့ကောင်လိုက်တဲ့ဖြစ်ခြင်း အိမ်မက်တွေသာတကယ့်ဖြစ်ခဲ့ရင်ဘယ်လောက်ကောင်းမလဲနော်... ဆိုပြီး အိမ်နောက်ဘေးကိုမျက်နှာသစ်ဖို့ထွက်လာလိုက်တယ်ဆိုရင်ဘဲ အိမ်နောက်ဘက် အဲ ဟုတ်ဘူးသူများ

အိမ်နောက်ဘေးမှာ အိမ်မက်ကြီး အဲ မှိုတွေ အိုးအသင်လောကပျော်စရာကြီးပါလား သူတို့အိမ်မသိသေးဘူး သွားခူးမှ အဲသွားနှုတ်မှ..ဒါနဲ့ပေါ့ မိုးကဖွားဖွားလေးကျနေသေးတယ်...အဲ့ဒါနဲ့

သူများမနိုးခင်ထီးစောင်းပြီးခိုးချောင်ခိုးဝှက်မှိုလိုက်နှုတ်တာပေါ့..ပျော်စရာကြီး ..ပထမဂါဝန်ကြီးကိုဖြန့်ပြီးထည့်တယ်..နောက်မရပါဘူး ဂါဝန်နဲ့လဲမဆန့်တော့လေ ထီးကြီးကိုပက်လက်လှန်ပြီးထည့်တာဘဲ မှိုကိုတစ်ပွင့်ထဲဟုတ်ဘူးနော် ကျင်းလိုက်ကိုရတာ မှိုကျင်းတွေ့တဲ့မျက်နှာလေ

ပြီးတော့သူများအိမ်ကမသိအောင်အိမ်ဘက်ကိုပြေး ပြီး မေမေ့ကိုအားရ၀မ်းသာနဲ့

“မေမေရေဒီမှာ တွေ့လား မ၀ယ်နဲ့တော့ ရွှေရုပ်မှိုတွေနှုတ်လာတယ်...တွေ့တယ်မဟုတ်လားမှိုရတဲ့မျက်နှာ ...”

“ဟယ်လက်ကီးဘဲသမီးလေးတော်လိုက်တာ ..ပြစမ်း ဟင်းနင့်မှိုတွေကခြေကျင်းတွေနဲ့ အရူးမလေး

ဒါတောင်မသိဘူး ဟွန့် ငတ်ကြီးကျလေး .့.မေမေ၀ယ်ခဲ့ပါမယ် ကြည့်စမ်း ဂ်ါဝန်တစ်ခုလုံးလဲပေကျံနေ

ပြီ ... ရေချိုးတော့ ပြီးရင်နွေးနွးထွေးထွေးနေဆေးသောက်ထား ဘယ့်နှယ့်မိုးရေကြီးထဲမှာ...

ပြောလိုက်ချင်ဘူး..”

“ဟာ အီးဟီးဟီး မေမေ၀ယ်မလာနဲ့တော့ စားတော့ဘူး စိတ်ညစ်တယ်...ဒါကိုကြော်ကျွေး သေပစေ

အီးဟီးဟီး...”

ရွှေရုပ်လေ ဘာကိုဝမ်းနည်းမှန်းမသိဘူးငိုတာလေ...မေမေကလဲကြည့်ပြီးရီတာ ..ဟွန့် ဟိုဘက်အိမ်

ကတောင်ရီသံကြားရသေးတယ် ဟွန့်အကုန်ဝိုင်းရီနေတယ်ပေါ့ အီးဟီးဟီး...(အဲ့ဒါစာရေးရင်းနဲ့

စဉ်းစားမိပြီးငိုတာ.....)

ပြီးပြီ ရွှေရုပ်Wink

No comments:

Post a Comment