“ကိကိကိ ....ကွကွ...”(၀က်ကစကားပြောခြင်းပါ)
ဘာသာပြန်ပေးမယ်နော်...“အားကမ္ဘာလောကကြီးကတယ်ပြီးသာယာပါလား.. ဖွာဘက်တော်တို့”
မွေးခါစ၀က်မလေးက ချက်ကြိုးလေးတန်းလန်းနဲ့ ၀မ်းသာအားရစကားဆိုလိုက်ပါတယ်...ဒါကိုဝက်အမေကြီးက....
“ဥဥဥ....အိအိ....” သူ့သမီးလေးအား ”ဟာဒီကောင်မလေးတော့လူ့လောကနဲ့ဝက်လောကအကြောင်း
ကောင်းကောင်းမသိသေးဘဲလျှောက်ပြောနေပြန်ပြီ.......” ရွှေရုပ်ဘာသာပြန်ပေးဟုတ်လာတော့မသိဘူး ဒါပေမယ့်အဲ့လိုဘဲဖြစ်မှာပေါ့နော်........ဟီးဟီး
အဲ့ဒီချိန်မှာ အိမ်ရှင်နဲ့ဘေးအိမ်ကအဒေါ်ကြီးတွေစကားပြောတာကိုဝက်လေးတွေကြားလိုက်ပါတယ်...
“ဟယ်စုဘူးဖောက်ပြီလား...”
“အေး..ပေါ့...”
“ဘယ်နှစ်ကောင်လဲ.....”
“(၇)ကောင်...”
“အမယ်မဆိုးဘူးဘဲ စီးပွားဖြစ်တယ်နော် ...”
“အေးပေါ့အေ...ကရုစိုက်ရတာလဲလွန်ပါရော...”
“ဒါနဲ့ အချင်းရော..ဘယ်သူ့ရောင်းလိုက်လဲ အမတို့စားမှာလား....”
“စားပါဘူးဝက်အချင်းလဲ စားရတာရိုးနေပါပြီး...ဒါကြောင့်ခေါင်းရင်းအိမ်ကိုရောင်းလိုက်တယ်....”
“အော် ဟုတ်အမ ကျွန်မတို့ကိုလဲဝက်သားခွဲရောင်းအုန်းနော်..အမတို့စီးပွားဖြစ်တာကိုတကယ်အားကျတယ်.....”
ဝက်ပေါက်လေးကဒီစကားသံတွေကြားတော့ရင်ထဲတိတ်သွားတယ် ၀က်အချင်းတောင်စားတယ်...
သူကလောကကြီးအကြောင်းကိုကောင်းကောင်းမသိဘူးလေ....
သူတို့လေးတွေသားခွဲတော့ မောင်နှမခုနှစ်ကောင်တစ်ကောင်တစ်နေရာစီရောက်တော့ ဟိုသီချင်းလေးနဲ့ပေါ့....၀က်မကြီးကမျက်ရည်ဝဲ၀ဲနဲ့ အော်ဆိုလိုက်တယ် သားသမီးတွေထိန်းကျောင်းရသံယောဇဉ်ကနည်းလားနော်.........
“တစ်ကောင်တစ်နေရာစီနေ ခုနှစ်ကောင်တော့ခုနှစ်နေရာနေ မောင်နဲ့မင်းနဲ့ဘ၀လိုသာပေ....ဟင့်ဟင့်
လာကြည့်လှည့်ပါအုံးဝက်ဖေကြီးရဲ့ ရှင့်သားသမီးတွေကိုလေ...ရှင်ကတော့ကျွန်မနဲ့တစ်ခါတည်းနေပြီးပျောက်သွားလိုက်တာနော်..ဒီဒုက္ခတွေ
တော့ရှင်ကျွန်မကိုဘယ်ကိုချင်းစာနိုင်ပါ့မလဲ ....အီးဟီးဟီး....ရွှတ်...”
ဝက်မကြီးကအဲ့လိုငိုတာကိုသာခွဲဝက်မလေးကမျက်လုံးလေးကလည်ကလည်နဲ့ ရောင်းတဲ့သူရဲ့လက်ထဲ
ကနေ ပါသွားရှာပါတယ်....ဒီလိုနဲ့ရာသီတွေပြောင်းလို့ ၀က်မလေးမှာ ..အလှသွေးစိုလို အပျိုရွယ်ကိုေ၇ာက်လာတော့ပါတယ်....အိမ်ရှင်တွေကလဲ ၀က်မလေးကိုဂရုတစိုက်အစာကျွေးလို့
တော်တော်တောင်အိမ်ရှင်တွေနဲ့ဝက်မလေးသံယောဇဉ်ကြီးလာပါတယ်.....
တနေ့မှာ အိမ်ရှင်က
“ကောင်မလေး နင့်ကိုယောင်္ကျားပေးစားတော့မယ်...”
လို့ပြောပြီးညနေကျတော့ ၀က်သိုးတစ်ကောင်ပါလာပါတယ်....ဒါနဲ့ဝက်မလေးလင်ရသွားတယ်ဆိုပါတော့ပရိတ်သတ်..ရေးတာ
တွေများလို့နောက်ဆုံးခန်းကိုထုံးစံတိုင်းဟက်ရှလောင်ခံပြီးရောက်လိုက်မယ် ရောက်စေသတည်း.....
လောကမှာအမတို့ထုံးစံတိုင်း ကလေးမွေးသောဒုက္ခကိုဝက်မလေးမှာမရှုမလှခံစားကြရတာပေါ့...
ဝက်လေးငါးကောင်ပေါက်တယ်...ဒါပေမယ့် အဖတ်မတင်တော့ ...အိမ်ရှင်တွေက
“၀က်မကလဲအသုံးမကျပါဘူး ဟိုအိမ်ကတော့ဖြစ်လိုက်တာ ..သူတို့က ဖြစ်မှာပေါ့အကုသိုလ်နဲ့အကျိုးပေးတာကို..ငါတို့ကတော့မရပါဘူး ...စိတ်တောင်ကုန်တယ်.....”
ဒါနဲ့သူတို့ဂရုမစိုက်တာနဲ့ဝက်မလေးကိုမြေကြီးပေါ်မှာကြိုးချည်ထားလိုက်တယ်..၀က်မလေးကမီးတွင်းထဲ
လဲဖြစ်မိုးတွင်းလဲဖြစ်တော့ ၀က်မလေးခမျှာချမ်းနေရှာတော့ အ၀တ်စုတ်လေးတောင်လာခြုံပေးတဲ့သူမရှိရှာပါဘူး ပစ်ချက်ကတော့ လက်ကီးမရှိတဲ့ဝက်မတဲ့
ဒီအချိန်မှာရေဒီယိုကလဲ ၀က်တုတ်ကွေးတွေဖြစ်တဲ့ကြောင်းလာတွေပါနေတာကိုလဲဝက်မလေးခမျှာကြားနေရရှာပါတယ်...
ကြောက်လဲကြောက်နေတာပေါ့...မိုးတွေကရွာအပေါ်မှာထရံလေးတစ်ချက်သာအုပ်မိုးထားတော့မိုးမလုံ
လေမလုံနဲ့...အောက်ကမြေကြီးကလဲဗွက်ဖြစ်ပြီးကြိုးကချည်ထားတော့မိုးတွေလေတွေကြားထဲညကြီး
အချိန်မတော်မှာဘယ်နေရာမှမရွေ့နိုင်ဘဲ ဒီအိမ်မှာဝက်မဖြစ်ချင်ဘူးလို့သာညည်းကာ ၀က်မေမေကြီးကိုသတိရနေတော့တယ်..............................................
(၀က်မလေးရဲ့တကယ့်အဖြစ်လေးပါ...ရွှေရုပ်ဝက်မလေးကိုသနားလာလို့ ဒီစာလေးရေးမိတာပါ....)
ပြီးပါပြီ ရွှေရုပ်WinkWink
Subscribe to:
Post Comments (Atom)
ဝက်မလေးကိုသနားတယ် ။ထိထိမိမိရေးအားကောင်းမွန်ပါတယ်။
ReplyDeleteအင်းသတ္တဝါဆိုတာ
ReplyDeleteဒီလိုဘျေလ ညီမေလး၇ာ
အဲတာမို့ ပေါ့ ခုဘဝမှာ အလှူေ၇စက်လက်နဲ့မကွာအောင်ကြိုစားနေရတာ
ဝက်ဖြစ်ရင်တောင် ဒီဝက်နေ၇ာမရောက်အောင်ပေါ့