“ဟာ ဟိုမှာတွေ့ပြီ ရွှေရုပ်”
“ဟုတ်တယ်ကြည့်လိုက်တော့ ထောင်ထောင်ထောင်ထောင်နဲ့ ကင်းမြီးကောက် အုတ်နံရံကြားမှာ အုတ်နံကြားမှာ အုတ်နံရံကလဲ သူများခြံစည်းရိုး
အလုပ်ကတော့ ကင်းမြီးကောက်ရှာပုံတော်ဖွင့်ခြင်းနဲ့ဖမ်းဆီးခြင်း ၊ အချိန်က ည(၁၀)နာရီ ၊ ရည်ရွယ်ချက်က လေဖြတ်ရောဂါကုသရန်အတွက်
ရွှေရုပ် အဲ့ဒီကင်းရဲ့အမြီးကို မီးညှပ်နဲ့လှမ်းညှပ်လိုက်တယ် ပါလာတော့ ဒီဘက်ကိုဆွဲအယူ ပုစွန်ခေါင်း(ချစ်စနိုးနဲ့နာမည်ပြောင် တစ်ခုခုဆို သုံးစားလို့ မရတဲ့ဦးနှောက်ကြီးတစ်ခုကိုပိုင်ဆိုင်ထားသောရွှေရုပ်၏အချစ်ဆုံးသူငယ်ချင်း)ခြေထောက်ဘက်ကိုကျတော့ ပုစွန်ခေါင်း
အော်လိုက်တယ်
“အား....”
“ဟယ် ထိုးပြီလားထိုးမိသွားလား”
“မသိဘူးလေ မထိုးမိခင် ကြိုအော်ထားတာ ထိုးမိရင် အော်လို့အချိန်မရမှာစိုးလို့ ဟီးဟီး”
အော်သတ္တိခဲကြီးပါလား ဒီကဖြင့်လန့်သွားတာဘဲ ကလူကလူ အယ်ကလူကအရေးမကြီးပါဘူး ကြိုးစားပမ်းစားရှာထားတဲ့ကင်းမြီးကောက်
လာလေရော့ ရွှေရုပ်ညှပ်နဲ့ကိုင်ပြီး ကင်းမြီးကောက်ကို အရက်ဆီပုလင်းထဲထည့်လိုက်တယ် ပြီးတော့ အဖုံးကိုလုံအောငိဖုံးပြီး စာမေးပွဲမှာစားခိုးချလို့ပြီှးသားတဲ့အပြုံးကို ပိုင်ပိုင်နိုင်နိုင်ပြုံးလိုက်တယ် စာဖတ်သူတွေအဲ့အပြုံးကိုတော့ဘွင်းဘွင်းရှင်းရှင်းကြီးသိမှာပါ ရွှေရုပ်မေမေကလေဖြတ်ထားတာလေ မေမေပြန်ကောင်းဖို့ဆိုပြီးလိုက်လုပ်နေတာ။တိုင်းရင်းသမားတော်ကြီးက အ၇က်ဆီမှာတောရှောက်ခါးသီး
ခြမ်းပြီးထည့် ပြီးတော့ အဲ့ဒီကင်းမြီးကောက်တွေထည့်ပြီးစိမ်ထားတဲ့အရက်ဆီကိုလိမ်းရမယ်ဆိုထားလို့လေ ကင်းမြီးကောက်ကလဲ ညဘက်မှာ
ပိုထွက်တော့ ဒါကြောင့်ရွှေရုပ်နဲ့ ပုစွန်ခေါင်းက ကင်းမြီးကောက်ရှာပုံတော်ဖွင့်ခြင်းပါ ပုလင်းထဲမှာဒီကောင်နဲ့ဆို သုံးကောင်ရပြီ
“ရွှေရုပ်ရေ”
“အင် ပြော”
“လူတွေက ကင်းသုံးမျိုးမှာတစ်မျိုးပြီးတယ်တဲ့ အဲ့ဒါလေ နင်စမ်းကြည့်ပါလား”
“အာ သောက်ကောင်မ နင်စမ်းပါလား လူကိုလာပြီး”
“အင်းစမ်းတော့စမ်းချင်သား ဒါပေမယ့် နာမှာကြောက်လို့ဟီးဟီး”
ရွှေရုပ်မှောင်မှောင်မဲမဲမှာ သူလဲရွှေရုပ်ကိုမမြင်မှန်းသိသော်လဲမျက်စောင်းကြီးကြီးထိုးလိုက်တယ်..နောက်ပြီးတော့ နောက်တစ်နေရာဆီကိုပေါ့
ပုန်းနေကြတော့ ကင်းမြီးကောက်တွေရေ့ မပုန်းတဲ့ကောင်ကိုရွှေရုပ် အရက်ဆီသန့်သန့်အ၀တိုက်မလို့
“ရွှေရုပ်”
“ပြော”
“ငါဖမ်းမယ် ပေးမီးညှပ်”
“နင်တွေ့ပြီလား”
“ဟိုမှာလေ”
“အယ်နည်းတဲ့ကောင်ကြီးမဟုတ်ဘူးရော့ ရော့”
ရွှေရုပ်ဓါတ်မီးကိုသူ့ဆီကယူပြီး ခုန်ဆွခုန်ဆွအော်လိုက်ပါတယ်။..
“ဂန်းနာမ ငြိမ်ငြိမ်နေလေ နင့်ပထွေးကဒီဘက်လာနေပြီ”
“အာ..”
ပုစွန်ခေါင်းကင်းကိုမီးညှပ်နဲ့သေချာညှပ်ပြီးဒီဘက်ကိုလှည့်လာပါတယ် ရွှေရုပ်ပုလင်းဖုံးကိုဖွင့်ပေးလိုက်တယ်..သူကအထည့်ရွှေရုပ်ကိုခြင်ကအ
ကိုက်ရွှေရုပ်အလှုပ်
“အားးးးးးးးးးးးးးးးးးးးး”
“ထိုးပြီလားရွှေရုပ် ”
“............”
ရွှေရုပ်အသံတောင်မထွက်နိုင်တော့ပါ ဒါပေမယ့် လက်ထဲမှာကိုင်ထားတဲ့ပုလင်းကိုလွတ်မချလိုက်မိတာအံ့သြတယ်..ပုလင်းကိုမြေကြီးမှာချပြီး
ပုစွန်ခေါင်းကိုကြည့်လိုက်တယ်
“ဟင့်ဟင့်”
အောင်မလေးရွှေရုပ်ကမငိုရဘူး သူကငိုနေပါလား ရွှေရုပ်လက်ကကိုက်လာတယ် ချက်ချင်းဆိုသလို ယောင်တက်လာတယ် ဒါပေမယ့်
“ပုစွန်ခေါင်း အဲ့ခွေးမသားကိုရအောင်ဖမ်း”
“အင်း”
အပြန်လမ်းမှာ ရွှေရုပ်မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတယ် လက်ကလဲနာတာအရမ်းဘဲလေးငိုတာမဟုတ်ပေမယ့် သူဟာသူမျက်ရည်
တွေကကျလာတာ ဒါပေမယ့် မေမေမျက်နှာကိုမြင်မိတယ် ရွှေရုပ်ရဲ့မေမေ ပြန်ပြီးသန်စွမ်းလာဖို့အရေးကြီးတယ် ဒီကောင်ထိုးလို့နာရင်
နှစ်ရက်ပေါ့ ရွှေရုပ်မေမေတစ်သက်လုံးပြန်ကျမ်းမာဖို့ဘဲလေ ..
“ရွှေရုပ်”
“အင်”
ပုစွန်ခေါင်းခေါ်လိုက်တာကြောင့် အတွေးတို့လွင့်သွားတယ်..
“နင်ကကင်းမြီးကောက်မပြီးဘူးနော် နောက်နှစ်ကင်းဘဲစစ်ဖို့ကျန်တော့တယ်”
“အင်..ဂန်းနာမ ကပ္ပလီမ နီကတိုးမ အာနိုးမ အာပြဲမ..”
တက်သလောက်မှတ်သလောက်ဆဲနည်းများနဲ့ ရွှေရုပ်ငိုနေရာကနေ ငိုတစ်ရီတစ်ဝက်နဲ့ ကြိမ်ဆဲလိုက်ပါတယ်
ရွှေရုပ်စိတ်ထဲမှာတော့ မေမေရယ် မေမေသက်သာရင် ကျေနပ်ပါတယ်....
ရွှေရုပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment