Saturday, August 15, 2009

မြန်မလေးများနဲ့အွန်လိုင်း

ယခုအခါ အင်တာနက်ကဖီးများ ကျေးရွာများအထိ ရောက်ရှိခဲ့ပါပြီ။ကိုးတန်း ဆယ်တန်းကျောင်းသူလေးမှစ ဘွဲ့ကြိုရမိန်းကလေးများအထိ အွန်လိုင်းကို သုံးနေကြပြီဖြစ်ပါတယ်။ အွန်လိုင်း၏လွတ်လပ်မှု နဲ့ ပတ်ဝန်းကျင်ဖြန့်ကျက်မငမှာ မည်သည့်ခေတ်နှင့်မှမတူအောင်
မြန်ဆန်ကျယ်ဝန်းပါတယ်
အွန်လိုင်းပေါ်မြန်မာမိန်းကလေးများ“ချက်” ကြခြင်းသည် မမြင်ကွယ်ရာ၌စကားပြောကြခြင်းဖြစ်ပါတယ် ။ အွန်လိုင်းပေါ်
တွင်ရှိနေသော မိမိပြောမည့်ပုဂ္ဂိုလ်သည် အွန်လိုင်းပေါ်မှာ စတွေ့သောပုဂ္ဂိုလ်ဖြစ်ပါက ယုံကြည်စရာမရှိပါ။ အင်တာနက်သင်ခန်းစာ
သင်စဉ်ကပင် “မိမိလိပ်စာအမှန်နှင့်အမည်မှန်ကို ဘယ်တော့မှမပေးပါနှင့်”ဟူသော ကန့်သတ်ချက်ကိုပင် သင်ကြားပေးလိုက်ပါတယ်။
အွန်လိုင်းပေါ်တွင်ဘာသာစုံ၊ လူမျိုးစုံ၊စိတ်မျိုးစုံ၊ရောဂါမျိုးစုံ၊ ရှိနေပါတယ်။ အင်တာနက်တွင်တိုးဝင်ခင်မင်ရသည်မှာ အရိပ်ယောင်
သဘောဖြစ်ပါတယ်။ ထိုအရိပ်အယောင်သဘောတွင်သာယာကြခြင်း၌လည်း မိမိတို့၏ဓလေ့စရိုက် ယဉ်ကျေးမှုကိုလေးစားသင့်ကြပေသည်၊
မြန်မာမိန်းကလေးများဟာ လူမြင်ကွင်း၌ဖြစ်စေ ၊မမြင်ကွယ်ရာ၌ဖြစ်စေဟီရိ အွတ္တပ္ပဟူသည့် အရှက်တရား၊အကြောက်တရား၊ကြီးမား
သောမိန်းကလေးများသာဖြစ်ကြပါတယ်။“အရှက်ကို အသက်ထက်တန်ဖိုးထားသည်”ဆိုသောစကား ရွှေရုပ်တို့မြန်မာလူမျိုး၌သာရှိပါတယ်။
ရွှေရုပ်တို့ မြန်မာမိန်းကလေးတို့ အွန်လိုင်းပေါ်တွင်ပြောသောစကားများမှာလဲ မောင်နှင့်နှမ ၊သားနဲ့အမိအတူကြည့်ပြီး အတူနား
ထောင်လို့ရတဲ့စကားများသာ ဖြစ်သင့်ပါတယ်။ “ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုသနား ”ဟူသည့် မြန်မာမှုစကားမှာ ရွှေရုပ်တို့ မြန်မာတို့၏ လူလူချင်း ဆက်ဆံရေးလမ်းညွှန်ဖြစ်ပါသည်။ ထိုလမ်းညွှန်သည် နေရာဒေသ၊အခြေအနေ အားလုံးနှင့်အကြုံးဝင်ပါသည်။ အွန်လိုင်းပေါ်မှာမို့ အပြင်မှာမို့ မခွဲခြားသင့်ပါ၊အွန်လိုင်ပေါ်မှာမို့ အပြင်မှာမပြောထွက်သည့် ပေါ့တန်စကားများမပြောသင့်ပါ ။ မြန်မာအမိ မြန်မာအဖတို့သည် ဤသို့ပြောလေ့မရှိပါ ။မြန်မာမိန်ုးကလေးတို့သည် နာကြားခက်သော
စကားတစ်ခွန်းကို ပြောမည်ဆိုလျှင် “နားနှင့်မနာဖ၀ါးနှင့်နာပါရှင်”ဟုတောင်းပန်ပြောဆိုလေ့ ရှိကြပါတယ်၊
တလေးတစားရိုးသားစွာပြောတက်သော မိန်းကလေးသည် ရိုးသားလေးစားတက်သော ပတ်ဝန်းကျင်ကိုရပါမည်။ ယဉ်ကျေးမှုကိုတန်ဖိုးထားတက်သောပတ်ဝန်းကျင်ကိုရပါမည်။ မိမိက မောင့်ရှေ့၊အစ်ကို့ရှေ့မပြောဝံ့သော စကားတို့ဖြင့် ပြောခြင်းကိုနှစ်သက်
သောယောင်္ကျားတို့သည် “အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားများဖြစ်ပါမည်။ တစ်လုံးအသားယူလို့ရလျှင်တစ်လုံးပြောပါမည်၊
ထိုသူတို့ကိုမိမိသူငယ်ချင်းအဖြစ်မှ အမြန်စွန့်ပစ်ရပါမည်၊ ထိုသူတို့သည်အရိပ်အယောင်သဘောပင်မဆက်ဆံသင့်သောသူများဖြစ်ပါသည်၊
မိမိသူငယ်ချင်းများအား မိမိသည် မြန်မာမိန်းကလေးစစ်စစ်၊မိကောင်းဖခင်သားသမီးဖြစ်ကြောင်းပြောပြီး ခင်မင်ပါ။ ပိုပြီး သန့်ရှင်း
ချမ်းမြေ့ဖွယ်သူငယ်ချင်းများနှင့် လူမှုအဖွဲ့အစည်းကိုရရှိပါမည်။။။။။။။။။။

မှတ်ချက် ရွှေရုပ်သည်မိကောင်ဖခင်သားသမီးတစ်ယောက်ဖြစ်ပါသည်။။။။။။။
ရွှေရုပ်

No comments:

Post a Comment