“မေမေက ရွှေရုပ်ကိုမယုံဘူးလား ဒီလောက်ကတော့ မကြည့်ဘဲချုပ် အဟုတ်ကိုကောင်းဦးမှာရှင့် ”
ပျော်ပျော်ရွှင်ရွှင်ပါဘဲ မေမေကိုဇာတ်သံနောပြီးပြောပြလိုက်ပါတယ်...... မေမေကတော့
“အရူးမလေး ”
“အော်ဘွဲ့မရသေးခင်တော့အရူးမဘွဲ့လဲမဆိုးပါဘူးဟီးဟီး ပေးပါမေမေ့အစ ရွှေရုပ်ချုပ်ပေးပါမယ်ဆို”
ရွှေရုပ်မေမေကိုင်တဲ့အစကိုအတင်းဆွဲလုလိုက်တယ် မေမေကရွှေရုပ်လက်ထဲရောက်လာတဲ့အစလေးကို
ပြန်မရတော့မှအကြွေးမှန်းသိသိကြီးနဲ့ပေးလိုက်ရသလို မျက်နှာငယ်လေးနဲ့စိုက်ကြည့်နေပါတယ် ။
ပြီးတော့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာချလိုက်သလို သက်ပြင်းရှည်ကြီးချပြီး
“ရွှေရုပ်ရယ်ညည်းလုပ်ချင်သလိုသာလုပ်ပြောလဲရမှာမှမဟုတ်သာ ”
“မေမေရယ် ကိုယ့်သမီးကပထမဆုံးချုပ်ပေးမယ့် အကျီိကိုဝတ်ဖူးတယ်ရှိအောင်တော့ဝတ်ပေါ့
ပျော်ပျော်ရွှင်ရွှင် အေးလေချုပ်ပေးပေါ့ ငါ့သမီးလက်ရာဝတ်ရတာပေါ့ ဆိုပြီးဂုဏ်တောင်ယူရဦးမှာကို
ဟွန်း”
“ညည်းလက်ရာကိုယုံလို့ဟေ့ မိရွှေရုပ်ရ သိပြီလား သွားချုပ်ချည်တော့ ”
မေမေကတော့ ရွှေရုပ်ကို ယုံယုံကြည်ကြည့်ဘဲ အကျီကိုယ်တိုင်းတိုင်းခံနေပါတယ် မျက်နှာကတော့ဆူပုတ်ပုတ်နဲ့ ရွှေရုပ်မေမေ့ ကိုကိုယ်တိုင်းရင် ရီချင်စိတ်ကိုမနည်မြိုချနေရတယ် ဒါတောင်မှ
“ခွီး.......”(ရီချင်တာကိုချုပ်တီးမိသောကြောင့်ထွက်ပေါ်လာသည့်အသံ)
“ခွပ် ” (မေမေရဲ့လက်မြန်မြန်စိန်ဗေဒါဆိုင်းဆရာလက်သံ)
ခွီးနဲ့ခွပ်တစ်ခါတည်းထွက်လာပါတယ် ။ရွှေရုပ်ခေါင်းပူထူသွားတယ်။ မေမေ့ရှေ့ကမြန်မြန်ရှောင်မ
စက်ကွင်းကလွတ်တာမဟုတ်ဘူး မေမေမျက်လုံးက “ရေဒါ”နဲ့ကြည့်နေသလိုလို ။။။
ရွှေရုပ်စက်ချုပ်သင်ပြီးပထမဦးဆုံးမေမေ့အင်္ကျီစချုပ်ပေးခြင်းပါ ။ ဒါပေမယ့် မယုံတဲ့သူကမယုံဘူး
ဒီတော့အစွမ်းကုန်ချုပ်ပြလိုက်ရုံဘဲရှိတာပေါ့ ဟုတ်တယ်မဟုတ်လား ရွှေရုပ်ကသေသေချာချာကြိုးစားပန်းစားချုပ်လိုက်တော့ အကျီလှလှလေးတစ်ထည်ဖြစ်လာပါတယ်
ကော်လံနှစ်ထပ်နဲ့ ကြယ်သီးကြီးကြီးတွေနဲ့ အနွေးထည်လေးပေါ့ အပေါ်ကထပ်ဝတ်တဲ့အကျီပေါ့
ဒါနဲ့မေမေ့ဆီကိုအားရ၀မ်းသာပြေးပြီးပြလိုက်ပါတယ် ။
“ဟယ်လှလိုက်တာငါ့သမီးလေးတော်လှချည်လား ”
အိုး ချစ်ဖို့ကောင်းတဲ့မေမေ ငါ့သမီးလေးဆိုပါလား ရွှေရုပ်မေမေပြောတာကိုပီတိဖြစ်နေချိန်မှာမေမေကအကျီကိုစတင်ဝတ်ကြည့်နေပြီဖြစ်ပါတယ်။
“ရွှေရုပ် ”(အော်ခေါ်လိုက်တာ)
“အင် အဲရှင် ”
“လက်ထိုးလို့မရဘူး ”
အဲဟုတ်ပါရဲ့ မေမေလက်ဝင်လို့မရတော့မှအကျီဘယ်လိုလုပ်ဝတ်မလဲ မှားပါတယ်
“မေမေသီစာတွေပါတယ် သမီးအကြီးကြီးချုပ်ထားတာ မေမေလက်က ထမင်းစားလိုက်လို့ဝလာတာ
ဖြစ်မယ် ”
ဘာမှန်းမသိအပြစ်လွတ်ပြီးရော ပြောလိုက်မိတယ် မေမေကသူလက်ကို ယောင်နနနဲ့ပြန်ကိုင်ကြည့်နေသေးတယ်
ရွှေရုပ် သီစာဖြုတ်ပြီမေမေပေးတော့ မေမေလက်ဝင်သွားသော်လည်းရှေ့ကရင်စေ့တော့ ဆွဲလို့မရဘူးဖြစ်နေတယ် ။ ရွှေရုပ်အတင်းစေ့တော့
“မိရွှေရုပ် ပြန်ချွတ်ပေးတော့ ”
ရွှေရုပ်လဲမျက်နှာငယ်ငယ်နဲ့ပြန်ချွတ်တယ် ဖြစ်ချင်တော့ ချွတ်ရင်းတန်းလန်း ဆွဲလို့မရဘူးဖြစ်နေတယ်
မေမေလက်တွေနောက်လှန်ထားသလိုပေါ့။ ရွှေရုပ်လဲစိတ်ညစ်ညစ်နဲ့ ဆွဲ မေမေကလဲ ချွတ် အကျီကလဲမကျွတ် ၀တ်တုန်းကလဲ မနည်းထိုးထည့်လိုက်ရတာသတိရတယ် ...
ချွေးတွေလဲနှ်ယောက်လုံးရွဲနေပြီ ...
“ရွှေရုပ်ညည်းလေးမြန်မြန်ချွတ်ငါလက်နာလာပြီ ”
“ဟာဟားဟားဟားဟား”
ဖေဖေကတ်ကျေးကိုင်ကာရီပြီးရွှေရုပ်တို့သားအမိနှစ်ယောက်နားရောက်လာပါတယ် ။
ပြီးတော့
“ဗြိ”
ဘာလုပ်လိုက်လဲဆိုတာစာဖတ်သူတို့သိမှာပေါ့နော် ။ ပြီးတော့ မေမေကရွှေရုပ်ကိုမျက်စောင်းကြီးခဲပြီးကြည့်သလို ဖေဖေကိုလဲ မျက်စောင်းလှမ်းထိုးလိုက်ပါတယ်
“ဟောဗျာ ဟားဟားဟားဟား”
ဖေဖေကရီလိုက်သလို ရွှေရုပ်လဲပြုံးလိုက်မိပါတယ် မရီတော့မရီရဲဘူး မေမေလက်ထဲမှာ ကတ်ကျေးနဲ့
ကိုက်တံ (အကျီချုပ်ရင်တိုင်းသောပေတံ)ကြီးနဲ့မို့ ......
ပြီးပြီနော် (စာကြွင်းခုဆို ရွှေရုပ်အကျီကောင်းကောင်းချုပ်တက်ပြီဖြစ်နေပါသော်လည်း မေမေကရွှေရုပ်ကိုအဲ့ကတည်းကသူ့အကျီတွေလုံးဝမချုပ်ခိုင်းတော့ပါဘူး........)
ရွှေရုပ်
Wednesday, September 23, 2009
Friday, September 4, 2009
လစာနဲ့ချက်တင်
gtalk များများချက်
အကြောတက်၏
အပြောကမပြတ်
ပြောတက်ပါ့သူလေးရယ်
တို့မှာထော(ငွေပေါများတာ)တာတွေလဲ
ရေဆုန်မျှောတယ်
တစ်နေ့ကို နှစ်နာရီ
အသာတကြည်ငွေထုတ်ရှင်း
ဒီလောက်တော့ရင်းရမှာပေါ့
မင်းအတွက်နော့
မလျှော့ဘဲချက်တင်ထိုင်
မင်ကိုပိုင်မလားရယ်နဲ့
ကံကြမ္မာကဆိုး
လစာပြုတ်လုနိုးနိုးပေါ့....
မှတ်ချက် (ရွှေရုပ်ရဲ့မိုင်ဘရားသားကြီးတွေအားရည်ရွယ်၍)

Monday, August 31, 2009
မိုးရေထဲမှရွှဲရွှဲစိုနေသောစုံတွဲလေးများ
` မမမိုးတွေညိုလာပြီ အစောကြီးရှိသေးတယ် မှောင်မဲနေတာဘဲ ´
` အင်း ဟုတ်ပါရဲ့ ဒါပေမယ့် မမမှာထီးအကြီးကြီးပါတယ် ..မပူပါနဲ့ ´
`ပူပါဘူး အေးလာတာလေ မိုးသက်လေတွေနဲ့ ´
ရွှေရုပ်တို့ ကြက်သားတုတ်တိုးလုပ်စားဖို့ ဈေးကိုပတ်နေတာတော်တော်ကြာသွားတယ်...
`အမ ကြက်သားတစ်ပိဿာ ဘယ်လောက်လဲ ´
`၅၀၀၀လေ ညီမလေး ´
`အော်တန်သားဘဲ ဘယ်နှစ်ပိဿာလောက်ကျန်သေးလဲ အမ ´
`အချိန်(၁၀)လောက်ရအုံးမယ် ညီမလေးထပ်လိုချင်လဲ ရမယ်လေ ...ဘယ်လောက်လဲသာပြောလိုက် ´
`၅၀သားလောက်ချိန်လိုက်မမ နောက်ကျန်တဲ့ ၉ပိဿာ၅၀ကို ထပ်ရောင်းပေါ့ဟီးဟီး´
`အော်......´
ကြက်ရောင်တဲ့မမအော်သွားတယ် ....ဟီးဟီး
`ဝေါ ဝေါ ´မိုးတွေအော်ချလာတယ်...
ထီးကြီးကြီးဖွင့် ပြီးဆောင်းလိုက်တယ် ဒါပေမယ့် မိုးကအရမ်းသဲတာပေါ့ နီးနီးလေးတောင်မနည်းကြီးအော် ပြောနေရတယ် ဒါကြောင့်ဖတ်တဲ့သူတွေလဲ ခုရေးတဲ့စားကိုအော်ဖတ်ကြပါကုန် ဟီးဟီး
`မမရေ မရတော့ဘူး မိုးများထီးမနိုင်ဘူး ရွဲကုန်ပြီ ဘိုလုပ်မလဲ(ဘယ်လိုလုပ်မလဲ)´
အဲ့ဒါနော် မိုးရေကြီးထဲလေကလဲအရမ်းတိုက်တဲ့အချိန်အော်ပြောတာ
အဲ့ဒါကြောင့်အော်ဖတ် ဟီးဟီး
`အေး လ္ဘက်ရည်ဆိုင်ဝင်မယ် လာထား´
ဆိုပြီးတွေ့တဲ့ လက်ဘက်ရည်ဆိုင်ထဲဝင်လိုက်တယ် ပြီးတော့ပရီမီယာ ပူပူလေးနဲ့ ရှေ့ကလျှောက်တဲ့
သူလေးတွေကို ငေးပြီး အတင်းတွေပြော အဲ အတင်းတွေဆွေးနွေးတာပေါ့..အဲ့ဒီအချိန်မှာအပျော်ဆုံးလူသားတွေကိုပြပါဆို၇င် အတွဲတွေပေါ့
ပူးကပ်နေတာဘဲ ဟီးဟီး ရေစိုမှာစိုးလို့နဲ့တူတယ် ပရိတ်သတ်ကိုမြင်လာအောင်ဘယ်လိုပြောရင်ကောင်းမလဲ ကောင်လေးကကောင်မလေး ရဲ့ပုခုံးကိုခပ်ကျပ်ကျပ်လေးဖက်ထားပြီးကောင်မလေးက ကောင်လေးရဲ့ ခါးကိုတင်ကျပ်စွာပြန်ပြီး
ပေါ့ ...အရမ်းအရမ်းကိုချမ်းနေကြတာပေါ့ ဘာကိုမှမမြင်အောင်ဟီးဟီး...
အဲ့ဒါကတစ်တွဲ နောက်တစ်တွဲက ကောင်မလေးကသူ့ကောင်လေးလက်ကို ယူပြီးသူ့ခါးကိုဖတ်ခိုင်းတယ် အဲ့ဒါကတစ်တွဲနောက်တစ်တွဲက ထီးကသေးသေးအတွဲကလူနှစ်ယောက်က ခပ်၀၀ပေါ့ ပြီးတော့၀၀အမျိုးကြီးကထီးကောက်ကြီးလက်ကကိုင်ထားသေးတယ် ဖွင့်လဲမဆောင်းဘူးဘေးကမမ၀၀ကိုလဲ မိုးရေနဲ့မျှော်မှာစိုးတဲ့အလားတအားကိုဖတ်ထားတယ်....
အဲ့ဒီမမက လဲရှင့်ထီးကြီးတုတ်ဆောင်းလို့မပြောဘးလားမသိဘူး ပျော်နေတယ် သူ့ရဲ့ခန္တာကိုယ်ကြီးကိုလိမ်းအောင်လျှောက်ရင်းမိုးရေကိုလက်ကခံလို့ သူ့ရဲ့ အကိုကြီးကိုလက်နဲ့လှမ်းတောက်လိုက်တယ် ..ဟိုအကိုကြီးက အဲ့ဒါကိုမှိုရတဲ့မျက်နှာင်္ကြီးနဲ့ကွမ်းချီးပေနေတဲ့သွားကြီးဖြီးပြီး ရီပြလိုက်တယ် လက်ဘက်ရည်ဆိုင်ထဲကလဲအားလုံးသောသူအပေါင်းက သူတို့ပရိတ်သတ်အော်တိုမစ်တစ်ဖြစ်သွားပါတယ်
အမကြီးကလက်နဲ့တောက်လိုက်တာကို အကိုကြီးကသတိလက်လွတ် ဘယ်သူမှမရှိဘူးထင်သွားတယ်
နဲ့တူတယ် အမ၀၀ကြီးလက်ကိုအားဘွားရှလူးလိုက်တယ်(နမ်းတယ်ပြောတာ) ဟီးဟီး အဲအဲဒီချိန်မှာ
ရေစီးနဲ့အတူ ကြွက်သေကောင်ကြီးမျှောပါလာတယ်... အဲ့ဒါကို အဲ့ဒီအမကြီးမြင်တော့ ထခုန်လိုက်တာ အောက်ကခပ်ပြီးမျှောပါလာတဲ့ သရက်စေ့ကိုနင်းမိပြီး ဝေါဆိုပါသွားတယ် အကိုကြီးကလဲကို့လို့ကန့်လန့်ကြီးပေါ့ ... အဲ့ဒါကို လက်ဘက်ရည်ဆိုင်ကလူတွေက အားပေးလိုက်တာ
`ဟားဟားဟားဟားဟားဟား´
ရွှေရုပ်အသံကအကျယ်ဆုံး ဒါကို အကိုငနဲသားကြီးကတင်းသွားပြီး လှည့်ကြည့်တယ် ပြီးတော့ရွှေရုပ်ဆီကိုတလှမ်းခြင်းဒေါသဖြစ်စွာနဲ့...................................
ရွှေရုပ်လဲရင်တွေခုန်လာတယ် ..အားလုံးသောပရိတ်သတ်တွေလဲ ပါးစပ်အဟောင်းသားနဲ့ အံ့သားသင့်လို့ပေါ့ သူက ပြောလိုက်တယ် အသံအောအောကြီးနဲ့
`ညီမလေး ဘယ်နားဆေးခန်းရှိလဲ ဟိုကအမကြီး ဒဲပြူးသွားလို့ ´
`ဟင်း ...........................´ ရွှေ၇ုပ်လဲသက်ပြင်းရှည်ကြီးချပြီး ဆေးခန်းရှိရာကိုညွှန်ပေးလိုက်ပါတယ်
ပြီးပါပြီ ရွှေရုပ်Wink

Saturday, August 29, 2009
ရွှေရုပ်၏အိမ်မက်
ရွှေရုပ်ကိုလေ........
ကာကာက လာပါလာပါဆိုတယ်
ဒိုလေးက အကိုလေးလဲချစ်ပါတဲ့
ဘက်ဟမ်းက လက်ကမ်းခေါ်လို့ငြင်းလွှတ်ရသေးတယ်
ရွမ်းနီက လွမ်းသည်ဆိုလို့ မနည်းချော့ယူရတယ်လေ
ဂစ်ကလဲ အချစ်အချစ်ဆိုလို့ မနည်းရှင်းရသေးတယ်
တီဗက်က အမိအတွက်ဆိုပြီးလက်ဆောင်တွေဝယ်ပေးသေးတယ်
အယ်မှုနီလာက တကယ်ယူကြည်ပါတဲ့
နာနီကလာပြီ လာပြီဆိုလို့ မခေါ်ပါဘူးလို့ပြောလိုက်ရတယ်
ဒေးဗစ်ဗီလာကလဲ ကလေးအချစ်ဒီမှာတဲ့လေ
ပြီတော့ ဗီဒစ်က အပီချစ်ရအောင်ဆိုဘဲ...........ဒါနဲ့ဘဲ
ရွှေရုပ်လဲ စိတ်ညစ်ညစ်နဲ့ ဒီလောက်မချစ်ကြပါနဲ့လို့ ငြင်းလိုက်ပြီး ဘေးကဘောလုံးကိုအားရပါးရကန်လိုက်တယ် ...ဘောလုံးကနရံကိုမှန်ပြီးပြန်လာတယ် အဲ့ဒီမှာဘဲဝုန်းဆို ကုတင်ပေါ်ကပြုတ်ကျသွားပါတယ်..............
ပြီးပါပြီ.....ရွှေရုပ်

Friday, August 28, 2009
Wednesday, August 26, 2009
ဒဂုံ တက္ကသိုလ်မှ ရွှေရုပ်ရဲ့လျှပ်တပြတ်ရိုက်ချက်
“ရွှေရုပ် ငါတို့ဓါတ်ပုံလျှောက်ရိုက်ရအောင် ”
ရွှေရုပ်ဒီနေ့စာကိုအပြတ်သင်မယ်လို့စိတ်ကူးထားတာ လှည့်ကြည့်လိုက်တော့ ဘော်ဒါတွေစုံနေပါလား..
အကုန်လုံးကပြုံးစိစိနဲ့ ဟွန်းရုပ်တွေကိုက မဟုတ်တာ တစ်ပြုံကြီးလုပ်တော့မယ့်ရုပ်တွေ ဘယ်ရမလဲ
နင်တို့ခေါင်းစောင်း အဲ ခေါင်းဆောင်မပါဘဲ ဒီလို လုပ်လို့်ဘယ်ရမလဲ ...စာသင်မယ်ဆိုတဲ့ အတွေးကိုဖြတ် အတန်းမတက်ဘဲ ဒဂုံဘွဲနှင်းဆောင်သို့ ရွှေရုပ်တို့လစ်ထွက်လာခဲ့ပါတယ်...
ကင်မရာယူလာတဲ့ သူငယ်ချင်းက နာမည်ဖိုးသားတဲ့ နွေရာသီကြီးလဲ အကျီလက်ရှည်နဲ့ ဦးထုပ်နဲ့
ဘွတ်နဲ့ ရွှတ်နဲ့ အဲ အဲ့လိုပေါ့ သူနေတတ်တာပြောပါတယ် ..ကျောင်းကို ဆိုင်ကယ်ကြီးနဲ့လာတယ်
ကောင်မလေးတွေလဲတစ်နေ့တစ်ယောက်ဆိုင်ကယ်နောက်ကပါလာတယ်...ကောင်မလေးတွေကလဲ
သိသိကြီးနဲ့စီးတာဘဲ ..အင်းပြောရမှာကအခြားကြောင်း ဓါတ်ပုံရိုက်တဲ့အကြောင်းပေါ့ သူငယ်ချင်းတွေ တအုပ်လိုက်ကြီး ရွှေရုပ်ကကင်မရာဂဲ သူတို့ ပုံစံမျိုးစုံကို ရွှေရုပ်အမိအရမှတ်တမ်းလိုက်တင်ပေးရတာ
ဘေဘီမ(ရွှေရုပ်တို့ထဲက အသေးဆုံး သူငယ်ချင်း ၀ကစ်ကစ်နဲ့ဖိုးသားဆိုင်ကယ်နောက်ဆို အရမ်းလိုက်ချင်တဲ့တစ်ယောက်ပေါ့ )သူက
“ရွှေရုပ် နင့်မှာထီးပါလား ”
“အင် ပါတာပေါ့ ဘာလုပ်မလို့လဲ ”
“ထီးတွေအများကြီးချပြီး ထီးတွေကြားထဲမှာဓါတ်ပုံရိုက်ချင်လို့”
အဲ့ဒါနဲ့ပေါ့ ရောဂါကလဲမသေးဘဲကိုး ထီးတွေလိုက်ဖွင့်ပြီးနေပူပူကြီးမှာထီးတွေချ ရွှေရုပ်ကတော့ အပင်တစ်ပင်ရဲ့အောက်ကနေ ထိုင်ကြည့်နေလိုက်တယ်...
“ရွှေရုပ်ရေရပြီ ”
“အာ ”
ထီးတွေကို ဘေးမှာဝိုင်းထားပြီးလှဲ အိပ်နေတဲ့ ဘေဘီ ဘာကြီးနဲ့သွားတူမှန်းလဲမသိပါဘူး ပြီးတော့ပြောလိုက်သေးတယ် ငါ့ကို အရှည်ဆုံးနေရာကနေချိန် ပြီးရင် ဘွဲ့ခန်းမပါပါအောင်ရိုက် ..
သေရော ပုတဲ့သူကိုအရှည်ဆုံးနေရာဘယ်လိုရှာပြီးရိုက်ရပါ့ မှားပါတယ်..ဒါပေမယ့် ဘေဘီစိတ်ချမ်းသာအောင်တော့ သူနေချင်သလိုနေတာ ကိုရွှေရုပ်လဲရိုက်ချင်သလိုရိုက်လိုက်တယ်..
မှတ်ကရော။။။ အဲ့ဒါနဲ့ ကိုယ့်ပုံတွေကိုရိုက်ရတာ တော်တော်ပျင်းလာတော့ ဘွဲ့နှင်းသဘင်ရဲ့ အရှေ့ဘက်လဲပြဲပြဲစင်သဘောက်ဖြစ်နေတော့လေ အနောက်ဘက်ကိုသွားပြီးအတွဲတွေ ကိုဓါတ်ပုံရိုကိဖို့ အကြံပေးသူက ဖိုးသား ရွှေရုပ်ကတော့ သိပ်မကြိုက်ပါဘူး လာထားဘဲ...
“ဟိုမှာတွေ့လား အဲ့အတွဲကိုနင်တို့ဒီဘက်ကချောင်းသလိုလုပ် ငါက ဟိုအပင်ကွယ်ကနေရအောင်ရိုက်မယ် ကဲဘော်ဒါတွေကတော့ ရွှေရုပ်နောက်ကိုလိုက်ခဲ့ကြ ..”
အတွဲက ကောင်မလေးကကောင်လေးရင်ခွင်ထဲတိုင်လို့ ကောင်လေးကတော့အိုက်လို့နဲ့တူတယ် ဆံပင်တွေရိတ်ထားတယ် ကတုံးကြီးပေါ့ ပလူးပလဲပြူးပြဲနေကြတယ် (ဘာလဲမရွှေရုပ်လို့မမေးနဲ့
ရွှေရုပ်လဲမသိဘူး ပေါ်အောင်ကြည့်..ဟီးးးးးးးးး) မျက်နှာက၀က်ခြံလေးကိုညင်ညင်သာသာညစ်ပေးနေတာပြောပါတယ်.. အဲ့ဒါနဲ့ပေါ့ သူတို့ကအချောင်း
ရွှေရုပ်ကင်မရာလေးထဲကို သွက်သွက်လက်လက်လှုပ်ရှားလိုက်တယ် ကံဆိုးချင်တော့ကင်မရာကအော်တိုချိန်ထားတော့ နဲနဲ အရိပ်ကျတဲ့နေရာမှာဆိုရင် ဖလက်(ကင်မရာမီး)ကအော်တိုလေ အဲ့ဒါနဲ့သူတို့သိသွားတယ်ဆိုပါဆို့ အရင်ဆုံးသူတို့တွေ့တာက
ရွှေရုပ်ကိုကင်မရာတစ်လုံးနဲ့လေ ကြောင်သွားလိုက်သေးတယ် .မိန်းခလေးတစ်ယောက် ကအတွဲကိုချောင်းရုံတင်မကဘူး ဓါတ်ပုံပါရိုက်ယူလိုက်တဲ့အတွက်ဘဲဖြစ်ပါလိမ့်မယ်..
ဒါပေမယ့် ရွှေရုပ်ကထုံးစံအတိုင်နောက်ကိုချာကနဲနေအောင်လှည့်ပြေးမှ..ဟိုကောင်တွေလဲသတိပြန်ဝင်ပြီ
ပြေးကြတာပေါ့ အိုး ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း အခြားတွဲတွေလဲကြောင်တောင်တောင်နဲ့လိုက်ငေးနေကြတယ် ..
နောက်ကတော့ဆဲနည်းပေါင်းစုံဘဲ
“ဘယ်ကမိမဆုံးမ ဖမဆုံးမလဲ ..ဟင် ဘာကောင်တွေလဲ နင်တို့ကလှည့်မှဝဋ်လည်မယ် ကျက်သရေတုံးတွေ ”
“ဟီးးးးးးးးးးး”
ရွှေရုပ်ပြေးရင်းရီတာပေါ့ ..
နောက်နေ့ ကျတော့ ပုံတွေကူးတော့အဲ့ဒီအတွဲချောင်းတဲ့ပုံလေးအသက်ဝင်ဆုံးဘဲ ဘေဘီ ထီးတွေနဲ့ရိုက်တဲ့ပုံက သူ့ခေါင်းရယ် ဘွဲ့နှင်းသဘင်ကြီးတော့ပါတယ် ဟီးးးးး ဘာဘဲဖြစ်ဖြစ်
ရွှေရုပ်ကတော့မှင်သေသေနဲ့
“အမှတ်တရပေါ့ သူငယ်ချင်းရယ် နင့်နောက်အိမ်ထောင်ကျလို့သားသမီးတွေဘာတွေရလာရင်
ပြောလို့ရတာပေါ့ ပုံလေးပြပြီး ဒါလေ မေမေ့ သူငယ်ချင်းချောချောလေးရွှေရုပ်ဆိုတာရိုက်ပေးတာပေါ့လို့”
“အင် ဘာမှလဲမဆိုင်ဘူး...”
“ဟားဟားဟားဟား...”
ရွှေရုပ်တို့အဖွဲ့ပွဲကျသွားတယ် အခုချိန်ထိလဲရွှေရုပ်မှာအဲ့ဓါတ်ပုံလေး (အတွဲချောင်းတဲံ့ပုံ ချောင်းတဲ့သူရော အချောင်းခံရသူပါပါတယ် ) ရှိသေးတယ် သူငယ်ချင်းတွေကိုပြချင်ပေမယ့် ဓါတ်ပုံထဲကအတွဲကိုငဲ့ညှာသောအားဖြင့် မပြတော့ပါဘူး အရမ်းကြီးစိတ်ဝင်စားသူတွေရွှေရုပ်အိမ်ကိုလာ
ကြည့်ကြပါကုန်....
နောက်နေ့မှ ရွှေရုပ်ရဲ့တက္ကသိုလ်တက်တုန်းကအမှတ်တရလေးတွေဆက်ပြောပြပါဦးမယ်
ရွှေရုပ်Wink

ရှင်ရောလွမ်းနေလား
အရမ်းတမ်းတ
ရှင်နဲ့ဝေးတဲ့ခဏတဲ့ ပြောကြတာဘဲ
ရွှေရုပ်ကတော့ ဆယ်ဘ၀ဘဲထင်တယ်
လွမ်းလားမသိ မျက်ရည်တွေထိမိမှ
သတိရမိတယ်လို့ ထင်တယ်
ရင်ထဲမှာလဲ မသာမယာ
ဟာတာတာနဲ့လေ
ဒီရင်မှာလောင်ကျွမ်း
ရှုင်ရော ရွှေရုပ်လို လွမ်းနေလား.....
ရွှေရုပ်Wink
ရှင်နဲ့ဝေးတဲ့ခဏတဲ့ ပြောကြတာဘဲ
ရွှေရုပ်ကတော့ ဆယ်ဘ၀ဘဲထင်တယ်
လွမ်းလားမသိ မျက်ရည်တွေထိမိမှ
သတိရမိတယ်လို့ ထင်တယ်
ရင်ထဲမှာလဲ မသာမယာ
ဟာတာတာနဲ့လေ
ဒီရင်မှာလောင်ကျွမ်း
ရှုင်ရော ရွှေရုပ်လို လွမ်းနေလား.....
ရွှေရုပ်Wink
Subscribe to:
Posts (Atom)