` မမမိုးတွေညိုလာပြီ အစောကြီးရှိသေးတယ် မှောင်မဲနေတာဘဲ ´
` အင်း ဟုတ်ပါရဲ့ ဒါပေမယ့် မမမှာထီးအကြီးကြီးပါတယ် ..မပူပါနဲ့ ´
`ပူပါဘူး အေးလာတာလေ မိုးသက်လေတွေနဲ့ ´
ရွှေရုပ်တို့ ကြက်သားတုတ်တိုးလုပ်စားဖို့ ဈေးကိုပတ်နေတာတော်တော်ကြာသွားတယ်...
`အမ ကြက်သားတစ်ပိဿာ ဘယ်လောက်လဲ ´
`၅၀၀၀လေ ညီမလေး ´
`အော်တန်သားဘဲ ဘယ်နှစ်ပိဿာလောက်ကျန်သေးလဲ အမ ´
`အချိန်(၁၀)လောက်ရအုံးမယ် ညီမလေးထပ်လိုချင်လဲ ရမယ်လေ ...ဘယ်လောက်လဲသာပြောလိုက် ´
`၅၀သားလောက်ချိန်လိုက်မမ နောက်ကျန်တဲ့ ၉ပိဿာ၅၀ကို ထပ်ရောင်းပေါ့ဟီးဟီး´
`အော်......´
ကြက်ရောင်တဲ့မမအော်သွားတယ် ....ဟီးဟီး
`ဝေါ ဝေါ ´မိုးတွေအော်ချလာတယ်...
ထီးကြီးကြီးဖွင့် ပြီးဆောင်းလိုက်တယ် ဒါပေမယ့် မိုးကအရမ်းသဲတာပေါ့ နီးနီးလေးတောင်မနည်းကြီးအော် ပြောနေရတယ် ဒါကြောင့်ဖတ်တဲ့သူတွေလဲ ခုရေးတဲ့စားကိုအော်ဖတ်ကြပါကုန် ဟီးဟီး
`မမရေ မရတော့ဘူး မိုးများထီးမနိုင်ဘူး ရွဲကုန်ပြီ ဘိုလုပ်မလဲ(ဘယ်လိုလုပ်မလဲ)´
အဲ့ဒါနော် မိုးရေကြီးထဲလေကလဲအရမ်းတိုက်တဲ့အချိန်အော်ပြောတာ
အဲ့ဒါကြောင့်အော်ဖတ် ဟီးဟီး
`အေး လ္ဘက်ရည်ဆိုင်ဝင်မယ် လာထား´
ဆိုပြီးတွေ့တဲ့ လက်ဘက်ရည်ဆိုင်ထဲဝင်လိုက်တယ် ပြီးတော့ပရီမီယာ ပူပူလေးနဲ့ ရှေ့ကလျှောက်တဲ့
သူလေးတွေကို ငေးပြီး အတင်းတွေပြော အဲ အတင်းတွေဆွေးနွေးတာပေါ့..အဲ့ဒီအချိန်မှာအပျော်ဆုံးလူသားတွေကိုပြပါဆို၇င် အတွဲတွေပေါ့
ပူးကပ်နေတာဘဲ ဟီးဟီး ရေစိုမှာစိုးလို့နဲ့တူတယ် ပရိတ်သတ်ကိုမြင်လာအောင်ဘယ်လိုပြောရင်ကောင်းမလဲ ကောင်လေးကကောင်မလေး ရဲ့ပုခုံးကိုခပ်ကျပ်ကျပ်လေးဖက်ထားပြီးကောင်မလေးက ကောင်လေးရဲ့ ခါးကိုတင်ကျပ်စွာပြန်ပြီး
ပေါ့ ...အရမ်းအရမ်းကိုချမ်းနေကြတာပေါ့ ဘာကိုမှမမြင်အောင်ဟီးဟီး...
အဲ့ဒါကတစ်တွဲ နောက်တစ်တွဲက ကောင်မလေးကသူ့ကောင်လေးလက်ကို ယူပြီးသူ့ခါးကိုဖတ်ခိုင်းတယ် အဲ့ဒါကတစ်တွဲနောက်တစ်တွဲက ထီးကသေးသေးအတွဲကလူနှစ်ယောက်က ခပ်၀၀ပေါ့ ပြီးတော့၀၀အမျိုးကြီးကထီးကောက်ကြီးလက်ကကိုင်ထားသေးတယ် ဖွင့်လဲမဆောင်းဘူးဘေးကမမ၀၀ကိုလဲ မိုးရေနဲ့မျှော်မှာစိုးတဲ့အလားတအားကိုဖတ်ထားတယ်....
အဲ့ဒီမမက လဲရှင့်ထီးကြီးတုတ်ဆောင်းလို့မပြောဘးလားမသိဘူး ပျော်နေတယ် သူ့ရဲ့ခန္တာကိုယ်ကြီးကိုလိမ်းအောင်လျှောက်ရင်းမိုးရေကိုလက်ကခံလို့ သူ့ရဲ့ အကိုကြီးကိုလက်နဲ့လှမ်းတောက်လိုက်တယ် ..ဟိုအကိုကြီးက အဲ့ဒါကိုမှိုရတဲ့မျက်နှာင်္ကြီးနဲ့ကွမ်းချီးပေနေတဲ့သွားကြီးဖြီးပြီး ရီပြလိုက်တယ် လက်ဘက်ရည်ဆိုင်ထဲကလဲအားလုံးသောသူအပေါင်းက သူတို့ပရိတ်သတ်အော်တိုမစ်တစ်ဖြစ်သွားပါတယ်
အမကြီးကလက်နဲ့တောက်လိုက်တာကို အကိုကြီးကသတိလက်လွတ် ဘယ်သူမှမရှိဘူးထင်သွားတယ်
နဲ့တူတယ် အမ၀၀ကြီးလက်ကိုအားဘွားရှလူးလိုက်တယ်(နမ်းတယ်ပြောတာ) ဟီးဟီး အဲအဲဒီချိန်မှာ
ရေစီးနဲ့အတူ ကြွက်သေကောင်ကြီးမျှောပါလာတယ်... အဲ့ဒါကို အဲ့ဒီအမကြီးမြင်တော့ ထခုန်လိုက်တာ အောက်ကခပ်ပြီးမျှောပါလာတဲ့ သရက်စေ့ကိုနင်းမိပြီး ဝေါဆိုပါသွားတယ် အကိုကြီးကလဲကို့လို့ကန့်လန့်ကြီးပေါ့ ... အဲ့ဒါကို လက်ဘက်ရည်ဆိုင်ကလူတွေက အားပေးလိုက်တာ
`ဟားဟားဟားဟားဟားဟား´
ရွှေရုပ်အသံကအကျယ်ဆုံး ဒါကို အကိုငနဲသားကြီးကတင်းသွားပြီး လှည့်ကြည့်တယ် ပြီးတော့ရွှေရုပ်ဆီကိုတလှမ်းခြင်းဒေါသဖြစ်စွာနဲ့...................................
ရွှေရုပ်လဲရင်တွေခုန်လာတယ် ..အားလုံးသောပရိတ်သတ်တွေလဲ ပါးစပ်အဟောင်းသားနဲ့ အံ့သားသင့်လို့ပေါ့ သူက ပြောလိုက်တယ် အသံအောအောကြီးနဲ့
`ညီမလေး ဘယ်နားဆေးခန်းရှိလဲ ဟိုကအမကြီး ဒဲပြူးသွားလို့ ´
`ဟင်း ...........................´ ရွှေ၇ုပ်လဲသက်ပြင်းရှည်ကြီးချပြီး ဆေးခန်းရှိရာကိုညွှန်ပေးလိုက်ပါတယ်
ပြီးပါပြီ ရွှေရုပ်Wink
Monday, August 31, 2009
Saturday, August 29, 2009
ရွှေရုပ်၏အိမ်မက်
ရွှေရုပ်ကိုလေ........
ကာကာက လာပါလာပါဆိုတယ်
ဒိုလေးက အကိုလေးလဲချစ်ပါတဲ့
ဘက်ဟမ်းက လက်ကမ်းခေါ်လို့ငြင်းလွှတ်ရသေးတယ်
ရွမ်းနီက လွမ်းသည်ဆိုလို့ မနည်းချော့ယူရတယ်လေ
ဂစ်ကလဲ အချစ်အချစ်ဆိုလို့ မနည်းရှင်းရသေးတယ်
တီဗက်က အမိအတွက်ဆိုပြီးလက်ဆောင်တွေဝယ်ပေးသေးတယ်
အယ်မှုနီလာက တကယ်ယူကြည်ပါတဲ့
နာနီကလာပြီ လာပြီဆိုလို့ မခေါ်ပါဘူးလို့ပြောလိုက်ရတယ်
ဒေးဗစ်ဗီလာကလဲ ကလေးအချစ်ဒီမှာတဲ့လေ
ပြီတော့ ဗီဒစ်က အပီချစ်ရအောင်ဆိုဘဲ...........ဒါနဲ့ဘဲ
ရွှေရုပ်လဲ စိတ်ညစ်ညစ်နဲ့ ဒီလောက်မချစ်ကြပါနဲ့လို့ ငြင်းလိုက်ပြီး ဘေးကဘောလုံးကိုအားရပါးရကန်လိုက်တယ် ...ဘောလုံးကနရံကိုမှန်ပြီးပြန်လာတယ် အဲ့ဒီမှာဘဲဝုန်းဆို ကုတင်ပေါ်ကပြုတ်ကျသွားပါတယ်..............
ပြီးပါပြီ.....ရွှေရုပ်

Friday, August 28, 2009
Wednesday, August 26, 2009
ဒဂုံ တက္ကသိုလ်မှ ရွှေရုပ်ရဲ့လျှပ်တပြတ်ရိုက်ချက်
“ရွှေရုပ် ငါတို့ဓါတ်ပုံလျှောက်ရိုက်ရအောင် ”
ရွှေရုပ်ဒီနေ့စာကိုအပြတ်သင်မယ်လို့စိတ်ကူးထားတာ လှည့်ကြည့်လိုက်တော့ ဘော်ဒါတွေစုံနေပါလား..
အကုန်လုံးကပြုံးစိစိနဲ့ ဟွန်းရုပ်တွေကိုက မဟုတ်တာ တစ်ပြုံကြီးလုပ်တော့မယ့်ရုပ်တွေ ဘယ်ရမလဲ
နင်တို့ခေါင်းစောင်း အဲ ခေါင်းဆောင်မပါဘဲ ဒီလို လုပ်လို့်ဘယ်ရမလဲ ...စာသင်မယ်ဆိုတဲ့ အတွေးကိုဖြတ် အတန်းမတက်ဘဲ ဒဂုံဘွဲနှင်းဆောင်သို့ ရွှေရုပ်တို့လစ်ထွက်လာခဲ့ပါတယ်...
ကင်မရာယူလာတဲ့ သူငယ်ချင်းက နာမည်ဖိုးသားတဲ့ နွေရာသီကြီးလဲ အကျီလက်ရှည်နဲ့ ဦးထုပ်နဲ့
ဘွတ်နဲ့ ရွှတ်နဲ့ အဲ အဲ့လိုပေါ့ သူနေတတ်တာပြောပါတယ် ..ကျောင်းကို ဆိုင်ကယ်ကြီးနဲ့လာတယ်
ကောင်မလေးတွေလဲတစ်နေ့တစ်ယောက်ဆိုင်ကယ်နောက်ကပါလာတယ်...ကောင်မလေးတွေကလဲ
သိသိကြီးနဲ့စီးတာဘဲ ..အင်းပြောရမှာကအခြားကြောင်း ဓါတ်ပုံရိုက်တဲ့အကြောင်းပေါ့ သူငယ်ချင်းတွေ တအုပ်လိုက်ကြီး ရွှေရုပ်ကကင်မရာဂဲ သူတို့ ပုံစံမျိုးစုံကို ရွှေရုပ်အမိအရမှတ်တမ်းလိုက်တင်ပေးရတာ
ဘေဘီမ(ရွှေရုပ်တို့ထဲက အသေးဆုံး သူငယ်ချင်း ၀ကစ်ကစ်နဲ့ဖိုးသားဆိုင်ကယ်နောက်ဆို အရမ်းလိုက်ချင်တဲ့တစ်ယောက်ပေါ့ )သူက
“ရွှေရုပ် နင့်မှာထီးပါလား ”
“အင် ပါတာပေါ့ ဘာလုပ်မလို့လဲ ”
“ထီးတွေအများကြီးချပြီး ထီးတွေကြားထဲမှာဓါတ်ပုံရိုက်ချင်လို့”
အဲ့ဒါနဲ့ပေါ့ ရောဂါကလဲမသေးဘဲကိုး ထီးတွေလိုက်ဖွင့်ပြီးနေပူပူကြီးမှာထီးတွေချ ရွှေရုပ်ကတော့ အပင်တစ်ပင်ရဲ့အောက်ကနေ ထိုင်ကြည့်နေလိုက်တယ်...
“ရွှေရုပ်ရေရပြီ ”
“အာ ”
ထီးတွေကို ဘေးမှာဝိုင်းထားပြီးလှဲ အိပ်နေတဲ့ ဘေဘီ ဘာကြီးနဲ့သွားတူမှန်းလဲမသိပါဘူး ပြီးတော့ပြောလိုက်သေးတယ် ငါ့ကို အရှည်ဆုံးနေရာကနေချိန် ပြီးရင် ဘွဲ့ခန်းမပါပါအောင်ရိုက် ..
သေရော ပုတဲ့သူကိုအရှည်ဆုံးနေရာဘယ်လိုရှာပြီးရိုက်ရပါ့ မှားပါတယ်..ဒါပေမယ့် ဘေဘီစိတ်ချမ်းသာအောင်တော့ သူနေချင်သလိုနေတာ ကိုရွှေရုပ်လဲရိုက်ချင်သလိုရိုက်လိုက်တယ်..
မှတ်ကရော။။။ အဲ့ဒါနဲ့ ကိုယ့်ပုံတွေကိုရိုက်ရတာ တော်တော်ပျင်းလာတော့ ဘွဲ့နှင်းသဘင်ရဲ့ အရှေ့ဘက်လဲပြဲပြဲစင်သဘောက်ဖြစ်နေတော့လေ အနောက်ဘက်ကိုသွားပြီးအတွဲတွေ ကိုဓါတ်ပုံရိုကိဖို့ အကြံပေးသူက ဖိုးသား ရွှေရုပ်ကတော့ သိပ်မကြိုက်ပါဘူး လာထားဘဲ...
“ဟိုမှာတွေ့လား အဲ့အတွဲကိုနင်တို့ဒီဘက်ကချောင်းသလိုလုပ် ငါက ဟိုအပင်ကွယ်ကနေရအောင်ရိုက်မယ် ကဲဘော်ဒါတွေကတော့ ရွှေရုပ်နောက်ကိုလိုက်ခဲ့ကြ ..”
အတွဲက ကောင်မလေးကကောင်လေးရင်ခွင်ထဲတိုင်လို့ ကောင်လေးကတော့အိုက်လို့နဲ့တူတယ် ဆံပင်တွေရိတ်ထားတယ် ကတုံးကြီးပေါ့ ပလူးပလဲပြူးပြဲနေကြတယ် (ဘာလဲမရွှေရုပ်လို့မမေးနဲ့
ရွှေရုပ်လဲမသိဘူး ပေါ်အောင်ကြည့်..ဟီးးးးးးးးး) မျက်နှာက၀က်ခြံလေးကိုညင်ညင်သာသာညစ်ပေးနေတာပြောပါတယ်.. အဲ့ဒါနဲ့ပေါ့ သူတို့ကအချောင်း
ရွှေရုပ်ကင်မရာလေးထဲကို သွက်သွက်လက်လက်လှုပ်ရှားလိုက်တယ် ကံဆိုးချင်တော့ကင်မရာကအော်တိုချိန်ထားတော့ နဲနဲ အရိပ်ကျတဲ့နေရာမှာဆိုရင် ဖလက်(ကင်မရာမီး)ကအော်တိုလေ အဲ့ဒါနဲ့သူတို့သိသွားတယ်ဆိုပါဆို့ အရင်ဆုံးသူတို့တွေ့တာက
ရွှေရုပ်ကိုကင်မရာတစ်လုံးနဲ့လေ ကြောင်သွားလိုက်သေးတယ် .မိန်းခလေးတစ်ယောက် ကအတွဲကိုချောင်းရုံတင်မကဘူး ဓါတ်ပုံပါရိုက်ယူလိုက်တဲ့အတွက်ဘဲဖြစ်ပါလိမ့်မယ်..
ဒါပေမယ့် ရွှေရုပ်ကထုံးစံအတိုင်နောက်ကိုချာကနဲနေအောင်လှည့်ပြေးမှ..ဟိုကောင်တွေလဲသတိပြန်ဝင်ပြီ
ပြေးကြတာပေါ့ အိုး ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း အခြားတွဲတွေလဲကြောင်တောင်တောင်နဲ့လိုက်ငေးနေကြတယ် ..
နောက်ကတော့ဆဲနည်းပေါင်းစုံဘဲ
“ဘယ်ကမိမဆုံးမ ဖမဆုံးမလဲ ..ဟင် ဘာကောင်တွေလဲ နင်တို့ကလှည့်မှဝဋ်လည်မယ် ကျက်သရေတုံးတွေ ”
“ဟီးးးးးးးးးးး”
ရွှေရုပ်ပြေးရင်းရီတာပေါ့ ..
နောက်နေ့ ကျတော့ ပုံတွေကူးတော့အဲ့ဒီအတွဲချောင်းတဲ့ပုံလေးအသက်ဝင်ဆုံးဘဲ ဘေဘီ ထီးတွေနဲ့ရိုက်တဲ့ပုံက သူ့ခေါင်းရယ် ဘွဲ့နှင်းသဘင်ကြီးတော့ပါတယ် ဟီးးးးး ဘာဘဲဖြစ်ဖြစ်
ရွှေရုပ်ကတော့မှင်သေသေနဲ့
“အမှတ်တရပေါ့ သူငယ်ချင်းရယ် နင့်နောက်အိမ်ထောင်ကျလို့သားသမီးတွေဘာတွေရလာရင်
ပြောလို့ရတာပေါ့ ပုံလေးပြပြီး ဒါလေ မေမေ့ သူငယ်ချင်းချောချောလေးရွှေရုပ်ဆိုတာရိုက်ပေးတာပေါ့လို့”
“အင် ဘာမှလဲမဆိုင်ဘူး...”
“ဟားဟားဟားဟား...”
ရွှေရုပ်တို့အဖွဲ့ပွဲကျသွားတယ် အခုချိန်ထိလဲရွှေရုပ်မှာအဲ့ဓါတ်ပုံလေး (အတွဲချောင်းတဲံ့ပုံ ချောင်းတဲ့သူရော အချောင်းခံရသူပါပါတယ် ) ရှိသေးတယ် သူငယ်ချင်းတွေကိုပြချင်ပေမယ့် ဓါတ်ပုံထဲကအတွဲကိုငဲ့ညှာသောအားဖြင့် မပြတော့ပါဘူး အရမ်းကြီးစိတ်ဝင်စားသူတွေရွှေရုပ်အိမ်ကိုလာ
ကြည့်ကြပါကုန်....
နောက်နေ့မှ ရွှေရုပ်ရဲ့တက္ကသိုလ်တက်တုန်းကအမှတ်တရလေးတွေဆက်ပြောပြပါဦးမယ်
ရွှေရုပ်Wink

ရှင်ရောလွမ်းနေလား
အရမ်းတမ်းတ
ရှင်နဲ့ဝေးတဲ့ခဏတဲ့ ပြောကြတာဘဲ
ရွှေရုပ်ကတော့ ဆယ်ဘ၀ဘဲထင်တယ်
လွမ်းလားမသိ မျက်ရည်တွေထိမိမှ
သတိရမိတယ်လို့ ထင်တယ်
ရင်ထဲမှာလဲ မသာမယာ
ဟာတာတာနဲ့လေ
ဒီရင်မှာလောင်ကျွမ်း
ရှုင်ရော ရွှေရုပ်လို လွမ်းနေလား.....
ရွှေရုပ်Wink
ရှင်နဲ့ဝေးတဲ့ခဏတဲ့ ပြောကြတာဘဲ
ရွှေရုပ်ကတော့ ဆယ်ဘ၀ဘဲထင်တယ်
လွမ်းလားမသိ မျက်ရည်တွေထိမိမှ
သတိရမိတယ်လို့ ထင်တယ်
ရင်ထဲမှာလဲ မသာမယာ
ဟာတာတာနဲ့လေ
ဒီရင်မှာလောင်ကျွမ်း
ရှုင်ရော ရွှေရုပ်လို လွမ်းနေလား.....
ရွှေရုပ်Wink
သရဲ
စာဖတ်သူတွေသရဲရှိတယ်ဆိုတာ ယုံလား ? ရွှေရုပ်ကတော့ယုံတယ် ဘာကြောင့်လဲဆိုတော့
ရွှေရုပ်ကိုယ်တိုင်ခြောက်ခံရလို့.....သူများတွေလိုချိုးချိုးချွတ်ချွတ်တင်မကဘူး ....ပြောပြရင်းကြည်သီးတောင်ထတယ် .....စိတ်ဝင်စားတယ်မဟုတ်လား ဆက်ပြောပြမယ်......
“ရွှေရုပ်ရေ အဲ့ဒီဆောက်ထားတဲ့လိုင်းသစ်မှာငါတို့ တူတူပုန်းတိုင်းကစားကြရအောင်....”
“အေး အယ်သရဲခြောက်တယ်တဲ့ ...အဲ့နေရာလေ ..”
“အယ်နင်ကလဲ ရွှေရုပ်မဟုတ်တဲ့အတိုင်းဘဲ နင်ပြောတော့ ဘာကောင်မှမကြောက်ဘူးဆို...”
“ဘာကောင်မှဆိုပေမယ့် သရဲနဲ့ ကျွတ်တော့ကြောက်တယ်ဟဲ့ ....”
“ငါတို့ဆော့မှာ နေ့လည်ပိုင်းလေ သတ္တိခဲရဲ့ ”
အဲ့လိုပြောလိုက်တော့ ရွှေရုပ်ရဲ့ ပုန်းကွယ်နေတဲ့သတ္တိတွေကိုလှုံ့နိုးလိုက်သလိုဘဲ ...ဒါနဲ့.....
“ အောင်မယ် ရွှေရုပ် ပါ တစ်ရုပ်တည်းရှိတယ် နှစ်ရုပ်ရှိရင် အလဲသည်မှာလဲစားလိုက်မယ် ...သတ္တိ
အကြောင်းတော့လာမပြောနဲ့ ...စိတ်ကထစ်ကနဲဆို အဲအဲမှားလို့ သုံးနှစ်အောက်သမီးကြိုက်တဲ့လူလာခဲ့ ”
ရွှေရုပ်ကအဲ့လိုသတ္တိ ရှိတာ..... အဲ့ဒါနဲ့ ကစားကြတာပေါ့လေ........
ခွေးရူးကရွှေရုပ် သဘောက ရွှေရုပ်လိုက်ကလှည့် သူတို့ပုန်းကလှည့်ပါ ရွှေ၇ုပ်တစ်ယောက်တည်း
သရဲခြောက်တယ်ဆိုတဲ့ လိုင်းခန်းကြီးမှာ ရွှေရုပ်တစ်ယောက်တည်း တခန်းဝင်တခန်းထွက် ..တစ်ယောက်တည်းလျှောက်ရင်းစဉ်းစားမိတာက
“အင်းဒီအချိန်ကဖေဖေတို့ပြောတဲ့နွားရိုင်းသွင်းချိန်ဘဲ ဒီချိန်မှာမှ ငါကခွေးရူးဖြစ်ရတယ်လို့
စောစောစီးစီး ဖြစ်တော့ဘာဖြစ်လဲ ဆော့လာတာလဲတော်တော်များနေပြီ ..ဒီပွဲပြီးရင်တော့ တော်ပြီ
မှောင်တော့မယ်...ခုချိန် သရဲနဲ့များတွေ့လို့ကတော့ အီး ကြောက်လိုက်တာနော်......”
ရွေရုပ်တစ်ယောက်တည်းကြောက်ပြီး ရင်ထဲမှာထိတ်ထိတ် ထိတ်ထိတ်နဲ့ လိုင်းခန်းတစ်ခုရဲ့ပြတင်းပေါက် တံခါးကို ခေါင်းလေးပြူပြီးချောင်းအကြည့်.........
“အားအားအား ”
တစ်ခါတည်းအားတယ်မဟုတ်ဘူး အများကြီးအားပစ်တာ ရွှေရုပ်ကြည့်သလို ခေါင်းပြတ်ကြီးတစ်ခုက
ရွှေရုပ်ကိုချောင်းကြည့်တာလေ ...ဘယ်ရမလဲ ကြောက်ပြီးပြေးတာ မြေကြီးနဲ့ ခြေထောက်ရောထိရဲ့
လားမသိဘူး အိမ်ပြန်ရောက်ရော အိမ်ရောက်တော့ ရွှေရုပ်ရဲ့ တစ်ဦးတည်းသောအကိုကပြန်လိုက်ပြ
ပါတဲ့ ...အဲ့ဒါတော့ရွှေရုပ်သတ္တိမကောင်းတော့ဘူး ဘာကြောင့်လဲဆိုတော့ တော်တော် ကို ကြောက်နေပြီလေ တုန်ရီမောဟိုက်နေပြီ ရေသောက်လဲ မပြေဘူးကြောက်နေတာ ...အဲ့ဒီကနေပြီးရွှေရုပ်တို့ခုချိန်ထိ ဘုရားတရားမြဲံတာပါဘဲ ....ရွှေ၇ုပ်ချောင်းကြည့်မိတဲ့သရဲလဲ သူဆိုလဲလန့်သွားလောက်တယ် ဘာကြောင့်လဲဆိုတော့ ရွှေရုပ်ရဲ့ခေါင်းလဲ ရုတ်တရက်ကြီးသူ့ရှေ့မှာ
သွားပေါ်တာကိုး.....
နောက်နေ့ကျတော့သတင်းတစ်ခုကြားရပါတယ်..အဲ့ဒီသတင်းက ရွှေရုပ်တို့လိုဘဲဆော့တဲ့ ကောင်လေးတစ်ယောက်အဲ့ဒီလိုင်းခန်းသစ်မှာဘဲခေါင်းပြတ်သရဲတွေ့လို့တဲ့ ဖျားတောင်ဖျားနေကြောင်း
ကိုကြားတဲ့အခါမှာ အိမ်ကဖေဖေတို့ ကိုကြီးတို့ကရီလိုက်ကြတာပြောမနေနဲ့ ....ရွှေရုပ်စိတ်ထဲမှာတော့
“ဟင်း....သူတို့ကမသိလို့ ငါတော့ကိုယ်ချင်းစာတယ် ...ခေါင်းပြတ်သရဲကိုတွေ့တာ ဘယ်လောက်
ကြောက်ဖို့ကောင်းတယ်ဆိုတာ တွေ့ဖူးသူဘဲသိမှာ.....”
အမှန်တော့ ရွှေရုပ်ကလဲချောင်းတဲ့ချိန် အဲ့ဒီဖျားတဲ့ကောင်လေးလဲချောင်းတဲ့ချိန် နှစ်ယောက်စလုံးလဲ
ကြောက်နေတဲ့အချိန် အဲ့လိုအချိန်တွေသွားကြုံတော့ ပွဲပြီးသွားခြင်းသာ.....................
ပြီး၏ ရွှေရုပ်Wink

မေ့မေ့အပြုံး
ဒီနေ့မနက်အိမ်ကို ဧည့်သည်ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရောက်လာပါတယ်.. ဖေဖေနဲ့စကားလက်ဆုံကျနေပြီး ရွှေရုပ်နဲ့မေမေစကားပြောတာကို သူကကြည့်နေတယ်ပြီးတော့
“ရွှေရုပ် ဒီနေ့မေမေ့အပြုံးဆိုပြီးကဗျာစပ်ပါလား ....”
ရွှေရုပ်မေမေ့ကိုကြည့်တော့မေမေလဲပြုံးနေတာတွေ့တယ်..အော်ဟုတ်ပ မေမေပြုံးတာတော်တော်
ကျက်သရေ ရှိနေပါပကော...အဲ့ဒီကျောင်းအုပ်ဆရာကြီးကဆက်ပြောသေးတယ်...
“အင်းပေါ့ မိခင်တွေကိုဘဲအလေးထားရမှာကို စာဆိုတောင်မှ“မာတာပီတ”တဲ့ ..မိခင်ကအရင်လာတာ
ဟုတ်တယ်မဟုတ်လား ဆရာရယ်...”
ဖေဖေကိုတောင်လှည့်ပြီးစက္ကူ အဲ စစ်ကူတောင်းလိုက်သေးတယ်..ဖေဖေကတော့
“အင်းဟုတ်ပ ကိုယ့်လူရယ်...”
ဒါနဲ့ ရွှေရုပ်လဲ
“ပီတမာတာဖြစ်ချင်ရင်တော့ ဆရာကြီးရယ် ဆရာကြီးတို့ ကိုးလလွယ်ဆယ်လဖွားပေါ့နော်...ဟုတ်တယ်မဟုတ်လားမေမေ”
“အင်းဟုတ်ပသမီးရယ်...”
မေမေပြုံးနေပြန်တယ်....ဒါကြောင့်ခုကဗျာလေးအသက်ဝင်ခဲ့တယ်....
မေမေ့ အပြုံး
တုနှိုင်းမမှီ
ယှဉ်ပြိုင်လျှင်ရှုံး
မေမေ့အပြုံး
စိတ်ထဲမြင်မိ
ကျက်သရေရှိပ
မေမေ့အပြုံးအရမ်းလှ
မေမေ့အပြုံးကိုအလေးထားတော့
ရွှေရုပ်ရင်မှာအားဖြစ်စေခဲ့............................................................

Subscribe to:
Posts (Atom)